
0
230





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လူငယ်တွေရဲ့အသံကို နားထောင်ပေးဖို့ လိုတယ်လို့ ဝန်ကြီးချုပ်ပြော

လက်ရှိ တိုင်းပြည်မှာ တာဝန်ယူထားတဲ့သူတွေရော၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နေတဲ့ အဖွဲ့အစည်းတွေက လူငယ်တွေရဲ့ အသံတွေကို နားထောင်ပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က Green Hill Hotel မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အသွင်တူဆောင်ရွက်ခြင်း အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား လိုက်တာပါ။

လက်ရှိတိုင်းပြည်မှာ အသက် ၃၅ နှစ်အောက်လူငယ်တွေရဲ့ ပါဝင်မှုနှုန်းဟာ ၆၀ ရာခိုင်နှုန်းကျော် ပါဝင်နေတဲ့ အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေရဲ့ အသံကို နားထောင်ပေးဖို့ လိုအပ်နေတာဖြစ်တယ်လို့ ဝန်ကြီးချုပ် ကပြောကြားခဲ့တာပါ။

လက်ရှိ NLD အစိုးရ အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ကူညီခွင့်ရဖို့အတွက် လူငယ်တွေ ကလည်းကြိုးစားနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)