ျမန္မာအစိုးရရဲ႕ေဆာင္ရြက္ခ်က္ေတြကို နားလည္ဖုိ႔ အင္ဒိုနီးရွားကို တ႐ုတ္တိုက္တြန္း

0
297

ရခုိင္ျပည္နယ္မွာ အၾကမ္းဖက္ တုိက္ခိုက္မႈေတြ ျဖစ္ပြားခဲ့တာကို လက္ခံရမွာ ျဖစ္သလို ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ျမန္မာအစိုးရရဲ႕ လုပ္ေဆာင္မႈကိုလည္း နားလည္သင့္တယ္လို႔ အင္ဒိုနီးရွား ႏုိင္ငံျခားေရးဝန္ႀကီးကို တရုတ္ႏိုင္ငံျခားေရး၀န္ႀကီးက တိုက္တြန္းေျပာဆုိလိုက္ပါတယ္။

တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ရီနဲ႔ အင္ဒိုနီးရွားႏုိင္ငံျခားေရး ဝန္ႀကီးတို႔ ကုလသမဂၢ အေထြေထြ ညီလာခံ နားခ်ိန္ အလြတ္သေဘာ ေဆြးေႏြးရာမွာ တရုတ္ႏုိင္ငံျခားေရးဝန္ႀကီးက အခုလို ေျပာခဲ့တာျဖစ္ပါတယ္။ တရုတ္ႏုိင္ငံ ဟာ ရခုိင္ျပည္နယ္က အၾကမ္းဖက္တိုက္ခိုက္မႈ ျပႆနာေတြအေပၚ ျမန္မာအစိုးရဲ႕ ကိုင္တြယ္မႈေတြနဲ႔ ပတ္သက္ၿပီး ေထာက္ခံတယ္လို႔ အေစာပိုင္းက ေျပာဆုိထားၿပီးျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ရခိုင္ျပည္နယ္က အၾကမ္းဖက္ တိုက္ခိုက္မႈ ျပႆနာအေပၚ ျမန္မာအစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာက ေဝဖန္မႈေတြရွိေနခ်ိန္မွာ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီးက အခုလို တိုက္တြန္းေျပာခဲ့တာျဖစ္ပါတယ္။
…………………………။ ။ ………………………….

မြန်မာအစိုးရ ရဲ့ဆောင်ရွက်ချက်တွေကို နားလည်ဖို့ အင်ဒိုနီးရှားကို တရုတ်တိုက်တွန်း

ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကို လက်ခံရမှာ ဖြစ်သလို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုကိုလည်း နားလည်သင့်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ နားချိန် အလွတ်သဘော ဆွေးနွေးရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဟာ ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှု ပြဿနာတွေအပေါ် မြန်မာအစိုးရဲ့ ကိုင်တွယ်မှုတွေနဲ့ ပတ်သက်ပြီး ထောက်ခံတယ်လို့ အစောပိုင်းက ပြောဆိုထားပြီးဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှု ပြဿနာအပေါ် မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေရှိနေချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အခုလို တိုက်တွန်းပြောခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)