အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မေ ၂၂ ရက်နေ့ မြန်မာနိုင်ငံကို လာရောက်မယ်

0
293

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မေလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

ButINhQIYAEAh8Y.jpg large

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေနဲ့ တစ်ရက်တာ ကြာမြင့်မယ့် သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိနေတာပါ။ ဂျွန်ကယ်ရီဟာ မြန်မာနိုင်ငံအပြင် ဆော်ဒီအာရေးဗျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ ဗီယက်နမ် နိုင်ငံတွေကို သွားရောက်ဖို့ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)