တောင်ကိုရီးယား သရုပ်ဆောင် မွန်းဂျီယွန်း ကွယ်လွန်

0
1529

တောင်ကိုရီးယား သရုပ်ဆောင်မင်းသား မွန်းဂျီယွန်းဟာ မတ်လ ၁၈ နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ မွန်းဂျီယွန်းဟာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ ကွယ်လွန်သွားတာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သူ့ရဲ့ အေဂျင်စီကတော့ သွေးဆိပ်တက်တာလို့ ပြောပါတယ်။

မွန်းဂျီယွန်းဟာ မကွယ်လွန်မီ ကိုယ်အပူချိန် မြင့်မားတာ၊ အာသီးယောင်တာတွေ ခံစားခဲ့ရပါတယ်။ သူ့ရဲ့ အေဂျင်စီကတော့ မွန်းဂျီယွန်းဟာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ကူးစက်မှု မတွေ့ရဘူးလို့ ပြောပါတယ်။

အနုပညာလောကမှာ နှစ် ၂၀ ခန့် လုပ်ကိုင်ခဲ့တဲ့ မွန်းဂျီယွန်ူဟာ Iljimae, Chinese in the Trap, Weightlifting Fairy Bok Joo စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆေ ာင်ခဲ့ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)