အိန္ဒိယမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူ လေးဦးကို သေဒဏ်ပေး

0
991

အိန္ဒိယတစ်နိုင်ငံလုံးကို အုံကြွမှု ဖြစ်စေပြီး နိုင်ငံတကာကလည်း ပြစ်တင်ရှုတ်ချခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဘတ်စ်ကားပေါ်မှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ လေးဦးကို ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာ ကြိုးပေး ကွပ်မျက်လိုက်ပါတယ်။

တီဟာ အကျဉ်းထောင်မှာ မနက် အရုဏ်တက်ချိန်က ရာဇဝတ်သားတွေကို ကြိုးပေးကွပ်မျက်လိုက်တယ်လို့ အကျဉ်းထောင် အကြီးအကဲ ဆန်ဒိ ဂိုးလ်က ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၁၅ ခုနှစ် နောက်ပိုင်း ပထမဆုံး သေဒဏ်ပေး ကွပ်မျက်မှု ဖြစ်ပါတယ်။

ကြိုးပေးကွပ်မျက်မှုအတွက် အကျဉ်းထောင် အပြင်ဘက်မှာ လူတချို့က အောင်ပွဲခံခဲ့ကြပါတယ်။ ခုနစ်နှစ် ကြာပြီးတဲ့နောက်မှာ သမီးဖြစ်သူအတွက် တရားမျှတမှု ဆောင်ကျဉ်းနိုင်ခဲ့လို့ ကျေနပ်တယ်လို့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူရဲ့ မိခင် အာရှာ ဒေဗီက ပြောပါတယ်။ ဒီနေ့မှာ အိန္ဒိယ အမျိုးသမီးအားလုံးအတွက် တရားမျှတမှု ရပြီလို့ ဒေလီမြို့မှာ နေထိုင်သူ မစ္စ မီနာ ရှာမာကလည်း ပြောပါတယ်။ 

အိန်ဒိယမှာ အုပျစုဖှဲ့ အဓမ်မပွုကငြ့ျသူ လေးဦးကို သဒေဏျပေး

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)