
0
2272



………………….. ။ ။ …………………
၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ၄ ရပ် NLD အစိုးရ ချမှတ်

၂၀၁၈ ခုနှစ် ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ၄ ရပ်ကို NLD အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ်မြောက် အစည်းအဝေးမှာ ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေက ထုတ်ဖော်ပြောကြား လိုက်တာပါ။

အဲ့ဒီ ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ၄ ရပ်မှာတော့ ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ်နိုးကြားရှင်သန်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အောင်မြင်အောင် တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကနေ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်မှုနဲ့ ပြည်ထောင်စုတစ်ဝန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး စတဲ့ အချက်တွေ ပါဝင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)