YBS စနစ်က ဘတ်စ်ကားစနစ်ကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု ဖြစ်တယ်လို့ ကရင်လူမျိုးရေးရာ ဝန်ကြီး ပြောကြား

0
332

မထသ ဆိုတာက ဘတ်စ်ကားလိုင်းပြေးဆွဲဖို့ စနစ်တစ်ခုထဲကို ရည်ရွယ်ပြီး လုပ်တာပဲဖြစ်ပြီး YBS ကတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘတ်စ်ကား စနစ်တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်အောင် ဖော်ဆောင်ခြင်းဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က သတင်းမီဒီယာတွေရဲ့မေးမြန်းချက်အပေါ်မှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မထသ ဆိုတာက အာဏာပိုင် အဖွဲ့အစည်းမဟုတ်တဲ့အတွက် သူ့မှာအာဏာဆိုတာမရှိပါဘူး။ အာဏာမရှိတဲ့အတွက် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း တွေနဲ့ ယာဉ်အကူတွေကို ညွှန်ကြားချက်ထုတ်တဲ့အခါမှာ အားနည်းမှုတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုအားနည်းမှု တွေကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်တဲ့အခါမှာ လိုအပ်ချက်များစွာရှိခဲ့ပါတယ်လို့ ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားလိုက်တာပါ။

ယခုအခါမှာတော့ ပြည်သူတစ်ရပ်လုံးက ပြောင်းလဲစေချင်တဲ့ ကဏ္ဍတစ်ခုအဖြစ် တောင်းဆိုတဲ့အတွက် အစိုးရအဖွဲ့ အနေနဲ့ မထသ ကနေ YBS ဖြစ်လာအောင် ဖော်ဆောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)