တူရကီ တုိက္ေလယာဥ္ ေတြကို ဆီးရီယားပစ္ခ်မယ္

0
2129

ဆီးရီယားေလတပ္ေတြဟာ တူရကီတုိက္ေလယာဥ္ေတြကို ပစ္ခ်သြားမယ္လို႔ ဆီးရီယား ဒုတိယႏုိင္ငံျခားေရး ဝန္ႀကီးက သတိေပးေျပာဆုိလုိက္ပါတယ္။

တူရကီႏိုင္ငံဟာ ဆီးရီယားႏုိင္ငံေျမာက္ပိုင္းက ကာဒ့္သူပုန္ေတြကို တုိက္ ခုိက္ဖုိ႔ စီစဥ္ေနခ်ိန္မွာပဲ ဆီးရီးယားႏုိင္ငံက အခုလိုမ်ိဳးသတိေပးခဲ့တာပါ။ မက္ဒက္က အာဖရင္ၿမိဳ႕ ရွိ ကာဒ့္သူပုန္ေတြကို တူရကီ ကေျမျပင္ ထုိးစစ္ ဒါမွမဟုတ္ ေလေၾကာင္းတုိက္ခုိက္မႈေတြ လုပ္တာဟာ ႏိုင္ငံတကာဥပေဒေတြကို ခ်ိဳးေဖာက္မႈ နဲ႔ ရန္စ,က်ဴးေက်ာ္ တဲ့လုပ္ရပ္အျဖစ္ ဆီးရီယားႏုိင္ငံက စဥ္းစားေနပါတယ္။

တူရကီ သမၼတ အာဒိုဂမ္က တူရကီႏုိင္ငံဟာ ရက္ပိုင္း အတြင္း ဆီးရီယားႏုိင္ငံ ေျမာက္ပိုင္းရွိ အာဖရင္ၿမိဳ႕က ကာဒ့္သူပုန္ေတြကို ထိုးစစ္ဆင္တုိက္ခိုက္မႈေတြလုပ္သြားမယ္လို႔ေျပာခဲ့ပါတယ္။ တူရကီႏုိင္ငံဟာ အာဖရင္ၿမိဳ႕ကို ထိန္းခ်ဳပ္ထားတဲ့ ကာဒ့္သူပုန္ေတြကို အ ၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ သတ္မွတ္ ထားပါတယ္။
……………………… ။ ။ ………………………….

တူရကီ တိုက်လေယာဉ် တွေကို ဆီးရီယားပစ်ချမယ်

ဆီးရီယားလေတပ်တွေဟာ တူရကီတိုက်လေယာဉ်တွေကို ပစ်ချသွားမယ်လို့ ဆီးရီယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။

တူရကီနိုင်ငံဟာ ဆီးရီယားနိုင်ငံမြောက်ပိုင်းက ကာဒ့်သူပုန်တွေကို တိုက် ခိုက်ဖို့ စီစဉ်နေချိန်မှာပဲ ဆီးရီးယားနိုင်ငံက အခုလိုမျိုးသတိပေးခဲ့တာပါ။ မက်ဒက်က အာဖရင်မြို့ ရှိ ကာဒ့်သူပုန်တွေကို တူရကီ ကမြေပြင် ထိုးစစ် ဒါမှမဟုတ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှု နဲ့ ရန်စ,ကျူးကျော် တဲ့လုပ်ရပ်အဖြစ် ဆီးရီယားနိုင်ငံက စဉ်းစားနေပါတယ်။

တူရကီ သမ္မတ အာဒိုဂမ်က တူရကီနိုင်ငံဟာ ရက်ပိုင်း အတွင်း ဆီးရီယားနိုင်ငံ မြောက်ပိုင်းရှိ အာဖရင်မြို့က ကာဒ့်သူပုန်တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ပြောခဲ့ပါတယ်။ တူရကီနိုင်ငံဟာ အာဖရင်မြို့ကို ထိန်းချုပ်ထားတဲ့ ကာဒ့်သူပုန်တွေကို အ ကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)