ေျမာက္ဦး အၾကမ္းဖက္ ျဖစ္စဥ္ရဲ႕ ျဖစ္ရပ္အမွန္ကို အျမန္ဆံုးစစ္ေဆး ေဖာ္ထုတ္ဖို႔ ႏုိင္ငံေတာ္အတုိင္ပင္ခံ ေျပာ

0
2129

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျမာက္ဦးၿမိဳ႕နယ္ ျဖစ္ပြားခဲ့တဲ့ လူစုလူေဝးနဲ႔ အၾကမ္းဖက္မႈ ျဖစ္စဥ္၊ ျဖစ္ရပ္ အမွန္ကို အျမန္ဆံုး စစ္ေဆးေဖာ္ထုတ္ၿပီး ဥပေဒခ်ိဳးေဖာက္သူမ်ားကို ဥပေဒနဲ႔အညီ အေရးယူေဆာင္ရြက္သြားဖို႔ ေျပာဆုိလိုက္ပါတယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ဟာ ရခုိင္ျပည္နယ္ဆိုင္ရာ ညႇိႏႈိင္းအစည္းအေ၀းကုိ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ အစည္းအေ၀းခန္း က်င္းပခ်ိန္မွာ အ ခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္က ေျမာက္ဦးၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တဲ့ လူစုလူေဝး နဲ႔ အၾကမ္းဖက္မႈေၾကာင့္ ရခိုင္တိုင္းရင္းသားေတြ ေသဆံုးမႈ၊ ဒဏ္ရာရရွိမႈမ်ား နဲ႔ အတူ ရဲတပ္ဖြဲ႔ဝင္မ်ား ဒဏ္ရာရရွိမႈ ျဖစ္ပြားခဲ့ျခင္းအတြက္ ဝမ္းနည္းမိတယ္လို႔ေျပာခဲ့ပါတယ္။

ဒါ့အျပင္ တည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ တရားဥပေဒ စိုးမိုးေရးကို အေလးထား ေဆာင္ရြက္ဖို႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေျပာခဲ့ပါတယ္။
…………………… ။ ။ ……………………..

မြောက်ဦး အကြမ်းဖက် ဖြစ်စဉ်ရဲ့ ဖြစ်ရပ်အမှန်ကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောက်ဦးမြို့နယ် ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက်မှု ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်း ကျင်းပချိန်မှာ အ ခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများ နဲ့ အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ခြင်းအတွက် ဝမ်းနည်းမိတယ်လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထား ဆောင်ရွက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)