
0
258

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေ၊ အာဆီယံ ဥက္ကဋ္ဌ ရာထူးတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့တွေက နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်း မှာ ပြန်လည်ရောက်ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။


(၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးကာလအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ဒုတိယ သမ္မတ၊ တရုတ်နိုင်ငံ ၀န်ကြီးချုပ်၊ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်တို့နဲ့ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစညး်အဝေးတွေ၊ အာဆီယံ ဥက္ကဋ္ဌ ရာထူးတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့တွေက နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်း မှာ ပြန်လည်ရောက်ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို နေပြည်တော်ကို ရောက်ရှိခဲ့ရာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျှိုးအောင်နဲ့ ဇနီး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သမ္မတနိုင်ငံသံရုံးက တာဝန်ရှိသူတွေ နေပြည်တော် အပြည်ပြည်ဆိုင်လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

(၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစညး်အဝေးကာလအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ဒုတိယ သမ္မတ၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ်၊ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်တို့နဲ့ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)