
0
265




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်နိုင်ဖို့ သဘော တူညီမှုရရှိ

NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာ နိုင်ဖို့အစိုးရနဲ့ EAO တို့ အကြားကြိုးပမ်းဆောင်ရွက်သွားနိုင်ရေး သဘောတူညီမှုရရှိ ခဲ့တာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပတဲ့ နိုင်ငံတော်အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ သီးသန့်အစည်း အဝေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပါဝင်လာနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ အားလုံးပါဝင်တဲ့ ထိပ်သီးအစည်းအဝေးတစ်ခု ခေါ်ယူသွားဖို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေက ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလဆန်းမှာ ကျင်းပနိုင်ဖို့ လျာထားပြီး နိုင်ငံတော်အစိုးရကို တင်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)