ဘဂၤါလီအေရး ကုလ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ကို ၾကားနာဖို႔ ႏိုင္ငံ ကိုးႏိုင္ငံ ေတာင္းဆို

0
283

အေမရိကန္နဲ႔ တျခား ႏိုင္ငံ ရွစ္ႏိုင္ငံက ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ကိုေခၚယူ ၾကားနာႏိုင္ဖို႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ အစည္းအေဝး ျပဳလုပ္ေရး ေတာင္းဆိုလိုက္ပါတယ္။

ဘဂၤါလီ မြတ္စလင္အေရးနဲ႔ ပတ္သက္လို႔ အခုလို ေတာင္းဆိုမႈဟာ ျမန္မာရဲ႕ မဟာမိတ္ျဖစ္ၿပီး ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ျမန္မာကို အကာအကြယ္ေပးေနတဲ့ တ႐ုတ္ႏိုင္ငံရဲ႕သေဘာထားနဲ႔ ဆန္႔က်င္ေနပါတယ္။ အစည္းအေဝးေခၚဖို႔ ေတာင္းဆိုတဲ့ ႏိုင္ငံ ကိုးႏိုင္ငံရဲ႕ စာထဲမွာ သတင္းအခ်က္အလက္ေတြ ပိုမိုရရွိေရးနဲ႔ ဒီအေရးဟာ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး၊ လံုၿခံဳေရးတို႔နဲ႔ ပတ္သက္ေနတာေၾကာင့္ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ ေခါင္းေဆာင္ ေျပာဆိုတာကို ၾကားနာသင့္တယ္လို႔ ေဖာ္ျပထားပါတယ္။

ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔က ၿပီးခဲ့တဲ့လမွာ အစီရင္ခံစာတစ္ေစာင္ တင္သြင္းခဲ့ၿပီး ႏိုင္ငံတကာ ရာဇဝတ္တရား႐ံုး (ICC) မွာ စစ္ေဆးဖို႔ အႀကံေပးခဲ့ပါတယ္။ ျမန္မာအစိုးရကေတာ့ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ကို အသိအမွတ္ မျပဳဘဲ တစ္ဖက္သတ္ ေရးသားထားတဲ့ အစီရင္ခံစာသာ ျဖစ္တယ္လို႔ တံု႔ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီအရေး ကုလ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ကြားနာဖို့ နိုင်ငံ ကိုးနိုင်ငံ တောင်းဆို

အမေရိကန်နဲ့ တခြား နိုင်ငံ ရှစ်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကိုခေါ်ယူ ကြားနာနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစည်းအဝေး ပြုလုပ်ရေး တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ အခုလို တောင်းဆိုမှုဟာ မြန်မာရဲ့ မဟာမိတ်ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာကို အကာအကွယ်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့သဘောထားနဲ့ ဆန့်ကျင်နေပါတယ်။ အစည်းအဝေးခေါ်ဖို့ တောင်းဆိုတဲ့ နိုင်ငံ ကိုးနိုင်ငံရဲ့ စာထဲမှာ သတင်းအချက်အလက်တွေ ပိုမိုရရှိရေးနဲ့ ဒီအရေးဟာ နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နဲ့ ပတ်သက်နေတာကြောင့် အချက်အလက် ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် ပြောဆိုတာကို ကြားနာသင့်တယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ပြီးခဲ့တဲ့လမှာ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ စစ်ဆေးဖို့ အကြံပေးခဲ့ပါတယ်။ မြန်မာအစိုးရကတော့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို အသိအမှတ် မပြုဘဲ တစ်ဖက်သတ် ရေးသားထားတဲ့ အစီရင်ခံစာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)