လယ်ယာထွက်ပစ္စည်း ကန် ဒေါ်လာ ၂၉၂၈ သန်းကျော်ဖိုး တင်ပို့နိုင်

0
339

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း  လယ်ယာထွက်ပစ္စည်း အမေရိကန် ဒေါ်လာ ၂၉၂၈ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်လို့  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

ဇွန် ၁၆ရက် ပြည်သူ့လွှတ်တော်မှာ စေတုတ္တရာမြို့နယ်ကိုယ်စားလှယ် ဦးကျော်အောင်လွင်ရဲ့ မေးမြန်းချက်ကို ဖြေကြားရင်း ဒုဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံများနဲ့ ကုန်သွယ်ရေး ပူးတွဲကော်မရှင်များထူထောင်ထားရှိပြီး လယ်ယာထွက်ကုန်သီးနှံအပါအဝင် ပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်။

ကမ္ဘာ့စီးပွားရေးမှာ အဓိကကျတဲ့ နိုင်ငံ(၉)နိုင်ငံရှိ မြန်မာ သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှာ  စီးပွားရေးသံမှူးများ ခန့်ထားပြီး ပြည်ပကုန်သည်များနဲ့  ချိတ်ဆက်နိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာ ဈေးကွက်သတင်းအချက်အလက်များ ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်နေတယ်လို့ စီးပွားကူးသန်း ၀န်ကြီးက ပြောပါတယ်။

မြန်မာ့လယ် ယာထွက်ကုန်ပစ္စည်းများဟာ  တစ်ဧကအထွက်နှုန်း နိမ့် ကျနေတာ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားတာ၊ ကုန်ပစ္စည်းအရည်အသွေးလျော့နည်းတာ၊ ဝယ်ယူ၊ သိုလှောင်၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးရောင်းချတဲ့ စရိတ်ကြီးတာ၊ တင်ပို့ချိန်မှာ  ဈေးကွက်လိုအပ် ချက်အတိုင်း အချိန်မီတင်ပို့နိုင်စွမ်းနည်းတာ စတဲ့  စိန်ခေါ်မှုများနဲ့  ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)