အပျို လူပျို ဖြစ်ကြောင်း ထောက်ခံချက် မထုတ်ပေးတော့တဲ့အပေါ် ပြန်လည်စိစစ်သွားမယ်

0
354

မြန်မာနိုင်ငံသား အမျိုးသမိးတွေ ပြည်ပကိုသွားရောက်တဲ့အခါ ငွေကြေးနဲ့ဖြစ်စေ၊ တစ်ခုခုနဲ့ဖြစ်စေ ဖြားယောင်းသွေးဆောင်ခံရတာမျိုး မဖြစ်ရအောင် နိုင်ငံခြားသားနဲ့ လက်ထပ်မယ့် မြန်မာအမျိုးသမီးတွေကို အပျိုဖြစ်ကြောင်းထောက်ခံချက်မထုတ်ပေးတော့တဲ့ စနစ်ကို ပြန်လည်စိစစ်သွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောကြားလိုက်ပါတယ်။

Processed with VSCOcam with g2 preset
Processed with VSCOcam with g2 preset

ပြည်ပရောက်မြန်မာတွေ နိုင်ငံခြားသားနဲ့ လက်ထပ်ရင် လူပျို၊ အပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာထုတ်ပေးတာမျိုး အရင်ကရှိပေမဲ့ နောက်ပိုင်းမှာ အပျိုဖြစ်ကြောင်းကျမ်းကျိန်လွှာလုပ်သူအများစုက ထိုင်း၊ တရုတ်၊ မလေးရှားအပါအဝင် နိုင်ငံခြားသာတွေနဲ့ယူဖို့ ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်တာကြောင့် ကာကွယ်တဲ့အနေနဲ့ အဲဒီစနစ်ကို မလုပ်တော့တာလို့လည်း ဦးကျော်တင်က ပြောပါတယ်။

အဲဒီလို ကျမ်းကျိန်လွှာမထုတ်ပေးတော့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၃ ပြဋ္ဌာန်းချက်နဲ့ မကိုက်ညီသလို ဖြစ်နေတာကြောင့် ပြန်လည်ဖျက်သိမ်းပေးဖို့ ရှိမရှိ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပုဇွန်တောင်မဲဆန္ဒနယ်က ဦးမြင့်လွင်က မေးမြန်းခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်အတိုင်း အကောင်အထည်ဖော်ရတဲ့ ဌာနဖြစ်ပြီး တရားရုံးချုပ်က တားမြစ်ထားလို့သာ ခုလို လုပ်ရတာဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိမရှိကို ပြန်လည်စိစစ်ပြီး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ရဲ့ပြောကြားချက်အရ လက်ရှိမှာ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား သုံးသန်းကနေ လေးသန်းအထိ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)