အကြီးစားပျက်စီးခဲ့တဲ့ ပုဂံ စေတီပုထိုးတွေအတွက် ကုန်ကျစရိတ် မတွက်ချက်ရသေး

0
402

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံ စေတီပုထိုးတွေထဲက ဗိသုကာလက်ရာတန်ဖိုးကြီးမားတဲ့ ၈၉ ဆူအတွက် ပြင်ဆင်မှုကုန်ကျစရိတ်ကို မတွက်ချက်ရသေးဘူးလို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ပုဂံဌာနခွဲ) ဦးအောင်အောင်ကျော်က ပြောကြားလိုက်ပါတယ်။

bagan

ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုမှာ အခုလို ဖြေကြားခဲ့တာပါ။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံ စေတီပုထိုး စုစုပေါင်း ၃၈၉ ဆူရှိတဲ့အထဲမှာ သာမန်အသေးစား ထိခိုက်မှုပဲရှိတဲ့ တတိယအဆင့် ၃၀၀ ထဲက ၂၂၄ ဆူအတွက် ခန့်မှန်း ပြင်ဆင်မှုကုန်ကျစရိတ် အနည်းဆုံး သိန်း ၁၇၃၀ ကနေ အများဆုံး သိန်း ၃၄၃၅ ကျပ် ရှိနိုင်ပြီး ပြည်သူတွေအနေနဲ့ အလှူငွေထည့်ဝင်နိုင်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဗိသုကာလက်ရာတန်ဖိုးကြီးမားတဲ့ ဘုရားကြီးတွေဖြစ်တဲ့ ပထမအဆင့် ၃၆ ဆူနဲ့ ဒုတိယအဆင့် ၅၃ ဆူ အတွက်ကိုတော့ ခန့်မှန်းကုန်ကျစရိတ်မတွက်ချက်ရသေးတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံ စေတီပုထိုးတွေ ပြင်ဆင်ဖို့ လက်ရှိမှာ အလှူငွေ ကျပ် သန်း ၄၆၀၀ နဲ့ အမေရိကန်ဒေါ်လာ ၉ သောင်း ရရှိထားတဲ့အပြင် နောက်ထပ် ဒေါ်လာ ၁ သန်းလှူမယ့်ကတိလည်း ရရှိထားတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့မှာ ပြင်းအား ၆.၈ ရစ်ခ်ျတာစတေးရှိတဲ့ အင်အားပြင်းငလျင်တစ်ခု ချောက်မြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့အတွက် စေတီပုထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)