ကိုရီးယားျပန္ ျမန္မာလုပ္သားေတြ အတြက္ အလုပ္အကိုင္ေခၚယူ

0
251

ကုိရီးယားျပန္ ျမန္မာလုပ္သားေတြ ျပည္တြင္းရွိ ကုိရီးယားႏိုင္ငံသားပုိင္ စက္႐ံုေတြမွာ အလုပ္အကိုင္ ရရွိႏိုင္ဖို႔ ေဆြးေႏြးပြဲတစ္ရပ္ကုိ ရန္ကုန္ၿမိဳ႕ Lotte ဟုိတယ္မွာ စက္တင္ဘာလ ၁၀ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။

အဲဒီ ေဆြးေႏြးပြဲမွာ ကုိရီယားျပန္ ျမန္မာလုပ္သား ၁၀၀ နီးပါး အလုပ္အကုိင္ လာေရာက္ ေလွ်ာက္ထားခဲ့ၿပီး စက္႐ံုတြင္း လုိအပ္ေနတဲ့ လုပ္သားလုိအပ္ခ်က္နဲ႔ အလုပ္အကိုင္ အမ်ဳိးအစားေပၚ မူတည္ၿပီး ကုိယ္ေရး အခ်က္အလက္ေတြကုိ ကိုရီးယား EPS စင္တာကေန လက္ခံရယူေပးထားတာ ျဖစ္တယ္လုိ႔ အလုပ္သမား ညႊန္ၾကားေရး ဦးစီးဌာန၊ ေရႊ႕ေျပာင္း အလုပ္သမားဌာနခြဲ လက္ေထာက္ ညႊန္ၾကားေရးမွဴး ေဒၚသင္းသင္းလြင္က ေျပာပါတယ္။

အဲဒီ ေဆြးေႏြးပြဲမွာေတာ့ အလုပ္သမား၊ လူဝင္မႈႀကီးႀကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၊ သီလ၀ါစက္မႈဇုန္က ကုိရီးယားႏိုင္ငံသား လုပ္ငန္းရွင္ေတြ ေရႊျပည္သာစက္မႈဇုန္က လုပ္ငန္းရွင္ေတြ၊ မရမ္းကုန္း စက္မႈဇုန္က ကုိရီးယား လုပ္ငန္းရွင္ေတြနဲ႔ နုိင္ငံျခားဘာသာ တကၠသုိလ္ေက်ာင္းဆင္း လူငယ္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုရီးယားပြန် မြန်မာလုပ်သားတွေ အတွက် အလုပ်အကိုင်ခေါ်ယူ

ကိုရီးယားပြန် မြန်မာလုပ်သားတွေ ပြည်တွင်းရှိ ကိုရီးယားနိုင်ငံသားပိုင် စက်ရုံတွေမှာ အလုပ်အကိုင် ရရှိနိုင်ဖို့ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ Lotte ဟိုတယ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ကိုရီယားပြန် မြန်မာလုပ်သား ၁၀ဝ နီးပါး အလုပ်အကိုင် လာရောက် လျှောက်ထားခဲ့ပြီး စက်ရုံတွင်း လိုအပ်နေတဲ့ လုပ်သားလိုအပ်ချက်နဲ့ အလုပ်အကိုင် အမျိုးအစားပေါ် မူတည်ပြီး ကိုယ်ရေး အချက်အလက်တွေကို ကိုရီးယား EPS စင်တာကနေ လက်ခံရယူပေးထားတာ ဖြစ်တယ်လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ရွှေ့ပြောင်း အလုပ်သမားဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းလွင်က ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သီလဝါစက်မှုဇုန်က ကိုရီးယားနိုင်ငံသား လုပ်ငန်းရှင်တွေ ရွှေပြည်သာစက်မှုဇုန်က လုပ်ငန်းရှင်တွေ၊ မရမ်းကုန်း စက်မှုဇုန်က ကိုရီးယား လုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်ကျောင်းဆင်း လူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)