
0
469



……………………………။ ။ …………………………….

ဗီယက်နမ်ကို ၂ ဂိုး- ၁ ဂိုးနဲ့နိုင်ပြီး မြန်မာ ယူ-၁၈ ဆီမီးဖိုင်နယ် တက်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ကို မနေ့က စက်တင်ဘာ ၁၃ မှာ ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ပြီး မြန်မာ ယူ-၁၈ အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်သွားပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းမှာ ယှဉ်ပြိုင်တဲ့ အဲဒီပွဲမှာ မြန်မာ ယူ-၁၈ အသင်းက ဆီမီးဖိုင်နယ် တက်ရောက်ဖို့ ၃ မှတ် အပြည့်ရယူနိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို စက်တင်ဘာ ၁၅ မှာ ကျင်းပမှာ ဖြစ်ပြီး အိုင်ဒိုနီးရှား-ထိုင်း၊ မြန်မာ-မလေးရှားတို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)