ဂရင်းဖဲလ် တာဝါ မီးဘေး လူအများပြား သေဆုံးဖွယ်ရှိ

0
303

လန်ဒန်မြို့၊ ဂရင်းဖဲလ်တာဝါကြီး တစ်ခုလုံးကို မီးဝါးမြိုမှုမှာ လူအများပြား သေဆုံးနိုင်ဖွယ်ရှိ နေပြီး လက်ရှိမှာတော့ လွတ်မြောက်လာတဲ့ ဒဏ်ရာရသူ လူပေါင်း ၅၀ ကျော်ကို ဆေးရုံပို့ထားပါတယ်။

အခန်းတွေအတွင်း အိပ်နေတဲ့လူတွေဟာလည်း မီးလောင်ချိန်မှာ တာဝါအတွင်း ပိတ်မိဖွယ်ရှိနေပါတယ်။ ဇွန်လ ၁၄ ရက်နံနက်အစောပိုင်းက ဂရင်းဖဲလ် တာဝါ မီးလောင်မှုကို မီးသတ်သမား ၂၀၀ ကျော်က မီးသတ်ကား အစီး ၄၀ ကျော်နဲ့ နာရီပေါင်းများစွာကြာ မီးငြိမ်းသတ်ခဲ့ရပါတယ်။

ပိတ်မိနေသူတွေဟာ မီးခိုးငွေ့ မွန်းကြပ်ပြီး မူးမေ့တာတွေ ရှိခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ တာဝါတစ်ခုလုံး မီးခိုးငွေ့တွေနဲ့ ပြည့်နေခဲ့တာကြောင့် ပိတ်မိသူတွေဟာ အပြင်ကိုထွက်ဖို့ ခက်ခဲမှုတွေရှိနေပြီး မီးခိုးငွေ့ကြောင့် အသက်ရှူမွန်းကြပ်တာတွေ ရှိနေပါတယ်။

လန်ဒန်မြို့မီးသတ်ဌာန အကြီးအကဲက ဒုတိယအထပ်ကနေ ထိပ်ဆုံးအထပ်ထိ အခန်းပေါင်း ၁၃၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ မီးသတ်သမားတစ်ဦးဖြစ်သူ ဒန်နီကော်တွန်က အဆောက်အဦးမှာ အခန်းများစွာ ရှိနေပြီးလက်ရှိမှာ သေဆုံးသူဦးရေကို အတိကျ ပြောလို့မရပေမယ့် သေဆုံးဦးရေ များနိုင်တယ်လို့ ပြောပါတယ်။

မီးလောင်မှုကနေ တချို့ လွတ်မြောက်လာပေမယ့် စိုးရိမ်ကြောက်ရွံနေကြတယ်လို့ တွေ့မြင်သူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)