ဂရင်းဖဲလ် တာဝါ မီးဘေးစိုးရိမ်ရတယ်လို့ မနှစ်က သတိပေးခဲ့

0
364

လန်ဒန်မြို့ရှိ  အထပ် ၂၇ ထပ်ပါ ဂရင်းဖဲလ်တာဝါနဲ့ ပတ်သက်ပြီး  မီးဘေး အန္တရာယ် စိုးရိမ်စရာရှိတယ်လို့ ပြီးခဲ့တဲ့ နှစ်က သတိပေးမှုတွေရှိခဲ့ပါတယ်၊၊

WILL OLIVER/EPA

ဂရင်းဖဲလ်တာဝါမှာ အကြီးအကျယ်မီးလောင်ပြီး တာဝါအတွင်း လူပေါင်းများစွာ ပိတ်မိလျက် ရှိနေဆဲဖြစ်ပါတယ်။ မီးလောင်မှုမဖြစ်ခင် ၁၈ လအလို  ၂၀၁၆ ခုနှစ် ဇန်န၀ါရီလက မီးဘေးအန္တရာယ် စိုးရိမ်ရတဲ့ အခြေနေကို ဂရင်းဖယ်လ် အမှုဆောင် ကောမတီ ( GAC) က သတိပေးခဲ့တာ ဖြစ်ပါတယ်။

WILL OLIVER/EPA

အဲဒီအဖွဲ့က ဂရင်းဖယ်လ်တာဝါရဲ့ ၀င်ပေါက်ထွက်ပေါက်တွေဟာ ကျန်းမာရေးအပြင် မီးဘေးအန္တရာယ် စိုးရိမ်စရာဖြစ်စေတယ်လို့ သတိပေးခဲ့ပါတယ်။

 

လက်ရှိအချိန်မှာမီးအကြီးအကျယ် လောင်ခဲ့တဲ့တာဝါအတွင်း လူဘယ်လောက် ပိတ်မိနေတယ်ဆိုတာကို အတိအကျမသိရသေးပါဘူး။

FACUNDO ARRIZABALAGA/EPA

ဂရင်းဖဲလ်တာဝါ အတွင်း မီးလောင်ချိန်မှာ အထပ်တွေမှာ ရှိနေတဲ့လူတွေဟာ အော်ဟစ်အကူညီတောင်းမှု၊ တိုက်ပေါ်ကနေ ခုန်ချမှုတွေ ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မီးဟာ ၁၀ ထပ် က စတင်လောင်ကျွမ်းပြီး အပေါ်အထပ်တွေဆီ ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)