ႏိုင္ငံေတာ္ လံုၿခံဳေရး အဖြဲ႕အစည္း အသြင္သ႑န္ ယူနီေဖာင္း မသံုးဖို႔ ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕ ေျပာ

0
422

ႏိုင္ငံေတာ္ လံုၿခံဳေရးအဖြဲ႔အစည္းေတြရဲ႕ အသြင္သ႑န္ကို တုပၿပီး ယူနီေဖာင္းေတြ ဖန္တီးဝတ္ဆင္တဲ့ ျပင္ပ အဖြဲ႔အစည္းေတြကို ျခြင္းခ်က္မရွိ တည္ဆဲဥပေဒေတြနဲ႔ အေရးယူမယ္လို႔ ဧရာဝတီ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔က ဒီေန႔ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဇန္နဝါရီ ၁၇ ရက္ေန႔ အမိန္႔ထုတ္ျပန္ခ်က္အရ ဧရာဝတီတိုင္း ရဲတပ္ဖြဲ႔က ျပင္ပ ပုဂၢလိက လုပ္ငန္းရွင္ေတြ၊ ပုဂၢလိက ဘဏ္လုပ္ငန္း တာဝန္ရွိသူေတြ၊ ျပင္ပလံုၿခံဳေရးအဖြဲ႔ေတြနဲ႔ မီဒီယာေတြကို ဖိတ္ၾကား ရွင္းလင္းခဲ့တာ ျဖစ္ပါတယ္။

လံုၿခံဳေရး အသံုးအေဆာင္ ပစၥည္းေတြအျပင္ စကားေျပာစက္ေတြကိုလည္း တရားဝင္ အသံုးျပဳခြင့္လိုင္စင္ ေလွ်ာက္ၿပီးမွ သံုးၾကဖို႔ ဧရာဝတီတိုင္း ရဲတပ္ဖြဲ႔ ရဲမႉးႀကီး ရဲျမင့္က သတိေပး ေျပာၾကားပါတယ္။ ေဖေဖာ္ဝါရီလ ၁၅ ရက္ကစၿပီး လိုက္နာမႈမရွိရင္ စံုစမ္းေဖာ္ထုတ္ တားျမစ္သြားမွာ ျဖစ္ၿပီး မလိုက္နာရင္ ျခြင္းခ်က္မရွိ အေရးယူမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်း အသွင်သဏ္ဍန် ယူနီဖောင်း မသုံးဖို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ပြော

နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အသွင်သဏ္ဍန်ကို တုပပြီး ယူနီဖောင်းတွေ ဖန်တီးဝတ်ဆင်တဲ့ ပြင်ပ အဖွဲ့အစည်းတွေကို ခြွင်းချက်မရှိ တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ အမိန့်ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပြင်ပ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိက ဘဏ်လုပ်ငန်း တာဝန်ရှိသူတွေ၊ ပြင်ပလုံခြုံရေးအဖွဲ့တွေနဲ့ မီဒီယာတွေကို ဖိတ်ကြား ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေး အသုံးအဆောင် ပစ္စည်းတွေအပြင် စကားပြောစက်တွေကိုလည်း တရားဝင် အသုံးပြုခွင့်လိုင်စင် လျှောက်ပြီးမှ သုံးကြဖို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ရဲမှူးကြီး ရဲမြင့်က သတိပေး ပြောကြားပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်ကစပြီး လိုက်နာမှုမရှိရင် စုံစမ်းဖော်ထုတ် တားမြစ်သွားမှာ ဖြစ်ပြီး မလိုက်နာရင် ခြွင်းချက်မရှိ အရေးယူမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)