ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း စက်လှေတစ်စီး တိမ်းမှောက်

0
362

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် မဲဒင်းကျေးရွာအနီး ချင်းတွင်းမြစ်ထဲမှာ ဒီကနေ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ မနက်(၉)နာရီမှာ စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

အခုတိမ်းမှောက်ခဲ့တဲ့ စက်လှေဟာဆိုရင် ကနီမြို့နယ် မဲဒင်းကျေးရွာကနေ မုံရွာမြို့ကို ပဲစဉ်းငုံ သွားရောင်းဖို့ ထွက်ခွာလာစဉ်မှာ မုံရွာကနေ လာခဲ့တဲ့ အမြန်ရေယာဉ်တွေရဲ့ လှိုင်းပုတ်ခတ်မှုတွေကြောင့် အခုလို တိမ်းမှောက်ခဲ့တာလည်းဖြစ်ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ စက်လှေရဲ့ အလျားပေ(၃၀)နဲ့အနံ(၈)ပေနဲ့၊ ၀ပ်းဗိုက်အနက်ပေ(၆)တို့ရှိပြီး မြစ်ကျဉ်မြောင်းတဲ့ နေရာမှာ တိမ်းရှောင်စဉ် အခုလို တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက MCN သတင်းဌာနကို ပြောပါတယ်။

စက်လှေပေါ်မှာ လူငါးယောက် လိုက်ပါစီးနင်းခဲ့ပြီး တစ်ဦးတစ်ယောက်မှ ထိခိုက်တာ ဒဏ်ရာရတာ သေဆုံးတာ မျိုး မရှိဘူးလို့လည်း သူက
ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)