ကော့သောင်းမှာ နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

0
368

တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီလ (၁၂) ရက်မှာကျရောက်တဲ့ နှစ် (၇၀ ) ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို နံနက် ၆ နာရီ ၃၀ မိနစ်က အဏ္ဏဝါရပ်ကွက် ကျောက်တိုင်ကွင်းအတွင်း ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ကော့သောင်းမြို့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေ၊ မြို့နယ် စည်ပင်သာယာက ဝန်ထမ်းတွေ၊ ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတွေ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဆရာ/ဆရာမတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့ပေါ်က ရုံးစိုက်ရာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ကော့်သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ကလည်းနိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့ခဲ့တဲ့ ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့အခမ်းအနားမှာ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တဲ စာစီစာကုံးပြိုင်ပွဲများ ကဗျာရွတ် ပြိုင်ပွဲများ မှ ဆုရရှိတဲ့ ကျောင်းသား /သူများကို ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားကို နံနက် ၇ နာရီ၃၀ မိနစ်မှာ ပြီးဆုံးကာ တက်ရောက်သူပေါင်း (၃၀၀) ကျော် ခန့်တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)