မြန်မာနိုင်ငံဟာ နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ ဂျပန် သံအမတ်ကြီး သုံးသပ်

0
268

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းခဲ့ပြီးနောက် လက်ရှိ ဦးတည်ချက်ဟာ ပိုမိုစွဲမြဲ ခိုင်မာလာပြီး နောက်ကြောင်းပြန်လှည့်လို့ မရနိုင်တော့တဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ ခံစားမိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ကြည့်ပြီး ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲမှုကလည်း ခိုင်ခိုင်မာမာ အမြစ်တွယ်ပြီလို့ ခံစားရကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တာတဲရှိ ဟိဂုချိက ကြေးမုံသတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။

ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရရဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး အခုထက်ပိုပြီး ကူညီထောက်ပံ့မှုတွေ ထပ်ပေးဖို့ အသင့်ပဲလို့လည်း သူက ပြောဆိုသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)