လေးကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ပြုလုပ်

0
311

(၄)ကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဒုတိယနေ့အဖြစ် ဇန်နဝါရီလ ၁၂ ရက် (ဒီကနေ့)မှာ ဆက်လက်ကျင်းပခဲ့ပါတယ်။ နေပြည်တော်ဟော်တယ်ဇုန်မှာရှိတဲ့ ဟိုတယ်ရွှေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ကြတာပါ။

16010139_1052329058227441_13880264_o

အဲဒီအစည်းအဝေးကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါနိုင်ငံတွေက စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးတွေ၊ ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ကြတာဖြစ်ပါတယ်။ အစည်းအဝေးမှာဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေအကြား စွမ်းအင်ဖူလုံမှု ဆိုင်ရာ ကိစ္စရပ်တွေ တိုးမြှင့် လုပ်ဆောင်သွားမယ့်အခြေအနေ၊ ဘင်းမ်စတက် အဖွဲ့ဝင် နိုင်ငံတွေရဲ့ နှစ်စဉ်တိုး တက်လျက်ရှိတဲ့ စွမ်းအင်လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်မှု ကွာဟချက်ကျဉ်းမြောင်းစေရေးပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေအကြား ပြန်ပြည့်မြဲ စွမ်းအင် သုံးစွဲမှုနဲ့ မဟာဓာတ်အားလိုင်း ဆက်သွယ်တန်းမှုအပါအ၀င် စဉ်ဆက် မပြတ်စွမ်းအင် တိုးတက်ရေး ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေ ဘင်းမ် စတက် မဟာ ဓာတ်အားလိုင်း ချိတ်ဆက် နိုင်ရေးနဲ့ ဘင်းမ်စတက် စွမ်းအင် ဗဟိုဌာန ဖွင့်လှစ်နိုင်ရေး နားလည်မှုစာချွန်လွှာတွေ လက်မှတ် ရေးထိုးနိုင်ရေး အတွက် ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ အစီအမံတွေကို ဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်.။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)