တီးလိုက်ပါတဲ့ တိန်တိန်မြည် “သင့်အလိုတိုင်းသာရှိပါစေ” (လေထန်ကုန်းဘိုးဘိုးကြီး)

0
1923

““ရှာပုံတော် ဘိုးဘိုးကြီး မဏ္ဍပ်တစ်ကာရောက်ခဲ့ပြီ””။ ဘိုးဘိုးကြီးလည်း ပျင်းပျင်းနဲ့သီချင်းအကျယ်ကြီး အော်ဆိုမိတော့ ဂျာနယ်လစ်လေး ပွေလိမ်ရှုပ်က ဘယ်အချိန်ကရောက်နေတယ်မသိဘူး…။
““နေစမ်းပါဦး ဘိုးဘိုးကြီးရ သူများတွေ မဲဆွယ်နေချိန်မှာ ဘိုးဘိုးကြီးက သြင်္ကန်ကျပြီးပျော်နေတယ်ထင်လား”” ဂျာနယ်လစ်လေးပွေလိမ် ရှုပ်ကိုကြည့်ရင်း…

““မဟုတ်ရပါဘူး သားရယ်..ဘိုးဘိုးကြီးရောက်ခဲ့တဲ့ စတုတ်္တမဏ္ဍပ် တွေအကြောင်း တွေးရင်း နည်းနည်းလေး ဟဲကြည့်တာပါ””။

““ဟာ..ဘိုးဘိုးကြီးကလည်း စတုတ်္တမဏ္ဍိုင်ပါ။ မဏ္ဍပ်မဟုတ်ပါဘူး””

““သိပါဘူးကွယ်…သားတို့ နိုင်ငံရေးလူရွှင်တော်ကြီးက စတုတ်္တမဏ္ဍပ်လို့ ပြောနေတာကြားလို့ပါ””

ဘိုးဘိုးကြီးလည်း အမေးမြန်းထူတဲ့ ဂျာနယ်လစ်လေးပွေလိမ်ရှုပ်ကို အရှောင်အတိမ်းလေးလုပ်ဖို့စဉ်းစားနေရင်း…

BOE BOE GYI_01“ဒါက…ဘယ်ပြေးမလို့လဲ ဘိုးဘိုးကြီး…ကဲ ရှင်းစမ်း လင်းစမ်း ပါဦး လက်ရှိ နိုင်ငံရေးမိုးလေဝသအခြေအနေ””

““မ..မလုပ်ပါနဲ့ကွယ် ဘိုးဘိုးကြီးက ပါတီနိုင်ငံရေးကင်းရှင်းပါတယ်။ ခု လေထန်ကုန်းနေရာလေးတောင် သဘောကောင်းတဲ့ အမတ် ကိုမျိုးသိန်း ပေးထားလို့ပါ သူမပေးရင် ဘိုးဘိုးကြီးမှာ နေစရာတောင်မရှိပါ ဘူးကွယ်””

ဂျာနယ်လစ်လေးပွေလီရှုပ်က မျက်နှာထိမျက်နှာထားနဲ့ကြည့်ပြီး..

““အဲဒါ..အဲဒါပဲ ပြောရမယ်ဆိုရင် တကယ့်အကြီးကြီးပဲ””

““ဒီမယ် ဘိုးဘိုးကြီး””

““လန့်လိုက်တာ သားရယ်…ဘိုးဘိုးကြီးလက်ကိုဖြည်းဖြည်းဆွဲပါ တရားခံ မဟုတ်ပါဘူး””

ဘိုးဘိုးကြီးလက်ကိုတင်းတင်းဆုပ်ထားတဲ့ ဂျာနယ်လစ်လေးပွေလီ ရှုပ်မျက်လုံးကြီးက နီရဲတက်လာပြီး…

““နှစ်ပေါင်း ၅၀ကျော် အဲဒီအကြောက်တရားတွေက ဘိုးဘိုးကြီး ရင်ထဲမှာ စီးဝင်နေပြီ။ ဒါတွေအားလုံးဟာ စနစ်ဆိုးတစ်ခုကြောင့်ပဲ””

““နာရီတိုင်းမှာ ၅မိနစ်စာလောက်တွေးကြည့်စမ်းပါ””

““ဆွေထားတယ်လေ””

““ဘာ””

အသားတွေတဆတ်ဆတ်တုန်နေတဲ့ ဂျာနယ်လစ်လေးပွေလီရှုပ်က ဘိုးဘိုး ကြီးလက်ကိုဆွဲခါလိုက်ပြီး…

““ဒါ ဏြွှ ကြော်ငြာနေတာမဟုတ်ဘူး။သမိုင်းကိုကောက်ကြောင်းချပြနေ တာ””

““အို ဒါများသားရယ်..အများပိုင်ဘတ်စ်ကားကုမ်္ပဏီထောင်လို့ မကြာခင် သားသွားချင်တဲ့ သမိုင်းလမ်းဆုံရော သမိုင်းကို ကားချောင်ချောင်ချိချိစီးရတော့မှာ ပါ””

ဘိုးဘိုးကြီးစကားသံရှေ့မဆက်ခင်မှာပဲ…

““ဝေးတယ်ဗျာ။ ဘိုးဘိုးကြီးတို့ သိပ်ဝေးတယ်။ ဒီနတ်ကွန်းလောက်မှာပဲ သာယာနေတယ်။ အပြင်ကိုထွက်ကြည့်စမ်းပါ ဘယ်လောက်ပြောင်းလဲနေလဲ””

““ဘိုးဘိုးကြီးမြင်တယ်လေ။ ကားတွေကြပ်တာ၊အပေါင်ဆိုင်တွေမှာ လူ များတာ””

““ဘရက်ဒီဖူးလ်…ဘိုးဘိုးကြီးခေတ်နဲ့ ကျန်ခဲ့ပြီ အများကြီးကျန်ခဲ့ပြီ””

ဂျာနယ်လစ်လေး ပွေလီရှုပ်က ရာဇာနေဝင်းအိုက်တင်နဲ့ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်နေရင်း…

““ဒီမယ် ဘိုးဘိုးကြီး ခင်ဗျားကြီး ပါးရိုက်ခံရဖူးလား၊ ထမင်းတစ်နပ် လျှော့စားဖူးလား၊ နွားနို့သောက်ဖူးလား၊ ဆိုက်ကားနင်းဖူးလား၊ တစ်နေ့ ၂ထောင် သုံးဖူးလား၊ ဒံပေါက်စားဖူးလား၊ ဦးထုပ်၊ယပ်တောင်ရဘူးလား၊ ကျောက်ဖရုံသီးနဲ့ ယတြာချေဖူးလား၊ ရင်မှာစွဲလန်းဖူးလား၊ ပြည်သူချစ်ကြည်ဖူးလား။””

ဘိုးဘိုးကြီးခမျာ ဂျာနယ်လစ်လေးပွေလီရှုပ်ရဲ့အသစ်အသစ်ဒိုင်ယာလော့ခ် တွေကြားထဲမှာ ဘာပြောရမှန်းတောင်မသိဘူး။ ဒါကိုသိတဲ့ဂျာနယ်လစ်လေးပွေလီ ရှုပ်က မေးစေ့လေးကိုပွတ်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့…

““ဘိုးဘိုးကြီးသိတာ ပူဇော်ပသသူလာရင် အပူဇော်ခံမယ်။ စားစရာတွေ နတ်ကွန်းကိုလာတင်ရင်စားမယ်။ ဟို ယတြာ၊ဒီယတြာတွေချေရင် ခပ်တည်တည် ဆုတောင်းပေးမယ်။ ခင်ဗျားတို့လို အယူဝါဒမှိုင်းတွေနဲ့ ငြိနေကြလို့ ကျုပ်တို့ တိုင်း ပြည်ကြီး ဘာနိုင်ငံကြီးဖြစ်သွားမယ်ထင်လဲ””

““ဟို..ဟိုလေ ဘိုးဘိုးကြီးပြောကြည့်မယ်နော် လို့စ်””

““ပြောကြည့်…ပြောကြည့်””

““ဘိုးဘိုးကြီးအမြင်ပြောရရင် သားတို့လူကိစ်္စတွေတော့ ဘိုးဘိုးကြီးမသိဘူး။ ပညာရှိကို လူမိုက်တွေက ပညာစမ်းချင်လို့ ငှက်ကလေးတစ်ကောင် လက်ထဲမှာ ကိုင်ထားတဲ့ပုံပြင်လေးတော့ရှိတယ်။ ပညာရှိလာရာလမ်းမှာ လူမိုက်တွေက ငှက် ကလေး လက်ထဲကိုင်ထားပြီး အသေလား၊ အရှင်လားဆိုမေးမယ်။ ပညာရှိက အသေလို့ဖြေရင် အရှင်ဆိုပြီး လက်ထဲက လွှတ်ပြမယ်။ အရှင်လို့ဖြေရင် အသေဖြစ် အောင် လည်ပင်းကို အသာလေးညှစ်သတ်ပြီး အသေဆိုတာပြလိုက်ရုံပဲ။ ပညာရှိဖြေ တာ သားသိလား””

ဂျာနယ်လစ်လေးပွေလီရှုပ်က တော်တော်ကြာစဉ်းစားရင်း ခေါင်းခါပြီး…

““ဒါဆို အဖြေက ဘာလဲ ဘိုးဘိုးကြီး…””

ဘိုးဘိုးကြီးက ဂျာနယ်လစ်လေးကိုပြုံးပြီးကြည့်လိုက်မိတယ်။

““ဒါက ရှင်းပါတယ်သားရယ်။ ပညာရှိက တစ်ခွန်းထဲ ဒီလိုဖြေတယ်။ ““သင့်အလိုတိုင်းသာရှိပါစေ””တဲ့။ သတ်ချင်ရင် သတ်၊ လွှတ်ချင်ရင် လွှတ် သူတို့ လက်ထဲမှာ မူတည်တယ်လေ””

ဂျာနယ်လစ်လေးပွေလီရှုပ် ငိုင်ပြီးတွေးနေချိန်မှာ ဘိုးဘိုးကြီးလစ်ထွက်ပြေး လာခဲ့တယ်။

“သင့်အလိုတိုင်းသာရှိပါစေ” နော်လို့ အော်ပြီးသာပြေးလာခဲ့ရတယ်။ ဒီပုံပြင်ကို နတ်သဘင်အစည်းအဝေးမှာ နတ်မင်းကြီးက မသင်မနေရ ပြဋ္ဌာန်းထားလို့ ဘိုးဘိုးကြီးတို့နောကျေပြီး လုပ်စားကိုင်စားတတ်လာတာ မသိလေတော့ ဂျာနယ်လစ် လေးကို သနားပြီးရင်း သနားမိပြန်ပါရော့ပေါ့နော်…အဟက်…အဟက်။
လေထန်ကုန်းဘိုးဘိုးကြီး

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)