အာဏာရပါတီ (NLD) တိုင်းရင်းသားတွေရဲ့ သဘောထား အလေးထားမလား ● [LIVE] | DEBATE NIGHT

0
77

❖ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်ပြုမယ်ဆိုတဲ့ အာဏာရပါတီ (NLD) ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့စည်းရေးတွေမှာ တိုင်းရင်းသားတွေရဲ့ သဘောထားတွေကို လက်တွေ့ အလေးထားပါ့မလားဆိုတာ ဒီပတ် [MCN | DEBATE NIGHT] မှာ ဆွေးနွေး တင်ဆက်ပေးသွားမှာပါ။

❖ တိုင်းရင်းသားတွေရဲ့ သဘောထားဆိုရာမှာ ဗဟိုချုပ်ကိုင်မှု လျော့ချရေးဖြစ်တဲ့ ပြည်ထောင်စုအဆင့်မှာ ညွန့်ပေါင်း (သို့) အမျိုးသားညီညွတ်ရေး အစိုးရမျိုး ဖွဲ့စည်းနိုင်ရေးအပါအဝင် ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ရေးနဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် ရရှိရေး၊ ပြည်နယ်တွင်း သယံဇာတ ထုတ်ယူမှုနဲ့ မြေယာအသုံးချမှုတွေကို ပြည်နယ်လွှတ်တော်တွေက အပြည့်အဝ စီမံခန့်ခွဲခွင့်ရဖို့အပြင် ငြိမ်းချမ်းရေး လက်ငင်းအကျိုး ဒေသခံတွေ ခံစာခွင့်ရရှိဖို့ စတဲ့အချက်က အဓိက အကျဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။

❖ အဲ့ဒီတိုင်းရင်းသားတွေရဲ့ သဘောထားတွေ ရွေးကောက်ပွဲအလွန်ကာလတွေမှာ ဘယ်လောက် အကောင်အထည်ပေါလာနိုင်မယ်၊ အကောင်အပေါ်လာရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေလဲဆိုတာတွေကို အခြေအနေတွေကို ဆွေးနွေးတင်ဆက်ပေးထားပါတယ်။ ဒီအစီအစဉ်မှာတော့

● ဦးသန်းစိုးနိုင် (စာရေးဆရာ)
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ
(ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း)
———————————————
● ဒေါက်တာဆလိုင်းငွန်ကျုံးလျန်
ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင်
(နိုင်ငံတကာဥပဒေပညာရှင်)
———————————————
● ဦးရဲနိုင်အောင် (အထွေထွေအတွင်းရေးမှူး)
ပြည်သူ့ပါတီ
(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
———————————————
● ဦးအောင်မိုးဇော် (ဥက္ကဌ)
လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ

❖ အစရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ ကျွန်တော် အံ့ဘုန်းမြတ်တို့က MCN ရုပ်/သံ သတင်းဌာနရဲ့ MCN | DEBATE NIGHT အစီအစဉ်မှာ ပါဝင်ဆွေးနွေး ပေးသွားဖို့ ရှိနေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)