ARSA အၾကမ္းဖက္ တိုက္ခိုက္မႈကို လူ႔အခြင့္အေရး ေကာ္မရွင္ ႐ႈတ္ခ်

0
544

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ႀကိမ္ေခ်ာင္းေက်းရြာအနီးမွာ ARSA အၾကမ္းဖက္ အဖြဲ႔က လံုၿခံဳေရးတပ္ဖြဲ႔နဲ႔ အရပ္သားေတြ လိုက္ပါလာတဲ့ ကားကို အၾကမ္းဖက္တိုက္ခိုက္မႈအား ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္က ျပစ္တင္႐ႈတ္ခ်ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။

ဘဂၤလားေဒ့ရွ္ ဒုကၡသည္ စခန္းကေန ေနရပ္ျပန္မယ့္သူေတြအတြက္ စီစဥ္ေဆာင္ရြက္မႈကို မ်ားစြာ အဟန္႔အတား ျဖစ္ေစေၾကာင္း၊ ရခိုင္ျပည္နယ္အတြင္း ေဖာ္ေဆာင္ေနတဲ့ ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ UEHRD လုပ္ငန္းစဥ္ေတြကို ထိခိုင္ေစႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဇန္နဝါရီလ ၅ ရက္ေန႔မွာ ေမာ္ေတာ္ယာဥ္ကို လက္လုပ္မိုင္းနဲ႔ ေဖာက္ခြဲၿပီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာေၾကာင့္ လံုၿခံဳေရးအဖြဲ႔ဝင္ ႏွစ္ဦးနဲ႔ ယာဥ္ေမာင္းတစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။
………………. ။ ။ ………………..

ARSA အကြမ်းဖက် တိုက်ခိုက်မှုကို လူ့အခွင့်အရေး ကော်မရှင် ရှုတ်ချ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအနီးမှာ ARSA အကြမ်းဖက် အဖွဲ့က လုံခြုံရေးတပ်ဖွဲ့နဲ့ အရပ်သားတွေ လိုက်ပါလာတဲ့ ကားကို အကြမ်းဖက်တိုက်ခိုက်မှုအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းကနေ နေရပ်ပြန်မယ့်သူတွေအတွက် စီစဉ်ဆောင်ရွက်မှုကို များစွာ အဟန့်အတား ဖြစ်စေကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖော်ဆောင်နေတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ UEHRD လုပ်ငန်းစဉ်တွေကို ထိခိုင်စေနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့မှာ မော်တော်ယာဉ်ကို လက်လုပ်မိုင်းနဲ့ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် လုံခြုံရေးအဖွဲ့ဝင် နှစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)