
0
295





>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုက်က ကြမ်းပြင်ထိလောက်အောင် အဝလွန်တဲ့ အမျိုးသမီး

အမေရိကန်မှာ ကိုယ်အလေးချိန် ၅၉၁ ပေါင်ရှိတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တာမီ လင်း မာရယ်လ်ဟာ သူ့ရဲ့ ကိုယ်ခန္ဓာ အလေးချိန်ကြောင့် အဝလွန်ရောဂါကို ခံစားနေရပါတယ်။

သူ့အသက် ၈ နှစ်အရွယ် ကလေးဘဝတုန်းက ဖခင်ဖြစ်သူဟာ နှလုံးရောဂါနဲ့ ရုတ်တရက် သေဆုံးသွားခဲ့ပြီးနောက် မိခင်ဖြစ်သူက စိတ်ရောဂါခံစားခဲ့ရပြီး သူကတော့ အစားဘက်ကိုသာ အာရုံပြောင်း ထားခဲ့ပါတယ်။

သူအသက် ၁၄ နှစ်အရွယ်တုန်းက ပေါင်ချိန် ၁၄၀ သာရှိခဲ့ပေမယ့် အလယ်တန်းကျောင်းသူ အရွယ်ရောက်ရှိချိန်မှာတော့ ပေါင်ချိန် ၁၇၅ ပေါင် ကျော် ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ ဗိုက်ဟာ ကြမ်းပြင်အထိ တွဲကျနေပါတယ်။

အသက် ၁၈ နှစ်အရွယ်မှာ အိမ်ထောင်ပြုခဲ့ပြီး လက်ရှိ အချိန်မှာတော့ သူဟာ ဝလွန်းတဲ့ အတွက်ကြောင့် ကုတင်ပေါ်မှာပဲ နေထိုင်နေရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)