နန္းဖာလံုေစ်း မီးေလာင္မႈေၾကာင့္ အိႏၵိယ-ျမန္မာ နယ္စပ္ ယာယီပိတ္

0
1027

အိႏၵိယ-ျမန္မာ နယ္စပ္ နန္းဖာလံုေစ်း မေန႔က ေဖေဖာ္ဝါရီ ၇ ရက္ညက မီးေလာင္သြားမႈေၾကာင့္ ဒီေန႔မွာ နယ္စပ္ဂိတ္ကို ယာယီ ပိတ္ထားလိုက္ပါတယ္။

စစ္ကိုင္းတုိင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္က နန္းဖာလံုေစ်း မီးေလာင္ကြ်မ္းမႈေၾကာင့္ ဆုိင္ခန္းေပါင္း ၅၀၀ ေက်ာ္နဲ႔ ေနအိမ္ ၆ လံုး မီးေလာင္ပ်က္စီးခဲ့ပါတယ္။ အိႏၵိယဘက္ကို မီးကူးမွာစိုးလို႔ အိႏၵိယဘက္ကလည္း ဝိုင္းဝန္း မီးၿငွိမ္းသတ္ခဲ့ရပါတယ္။

နန္းဖာလံုေစ်းဟာ အိႏၵိယ-ျမန္မာ နယ္စပ္မွာ အဓိကက်တဲ့ တရားဝင္ ကုန္သြယ္ေရာင္းဝယ္တဲ့ ေနရာျဖစ္ပါတယ္။ မီးေလာင္ျပင္မွာ တ႐ုတ္ႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံတို႔က လာတဲ့ တန္ဖိုးႀကီး ကုန္ပစၥည္းေတြ၊ တျခား အေရွ႕ေတာင္ အာရွေဒသထြက္ ကုန္ပစၥည္းေတြ ပ်က္စီးၿပီး စုၿပံဳေနပါတယ္။ ဆံုး႐ံႈးမႈတန္ဖိုး ႀကီးမားလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နန်းဖာလုံဈေး မီးလောင်မှုကြောင့် အိန္ဒိယ-မြန်မာ နယ်စပ် ယာယီပိတ်

အိန္ဒိယ-မြန်မာ နယ်စပ် နန်းဖာလုံဈေး မနေ့က ဖေဖော်ဝါရီ ၇ ရက်ညက မီးလောင်သွားမှုကြောင့် ဒီနေ့မှာ နယ်စပ်ဂိတ်ကို ယာယီ ပိတ်ထားလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်က နန်းဖာလုံဈေး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၅၀ဝ ကျော်နဲ့ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ အိန္ဒိယဘက်ကို မီးကူးမှာစိုးလို့ အိန္ဒိယဘက်ကလည်း ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရပါတယ်။

နန်းဖာလုံဈေးဟာ အိန္ဒိယ-မြန်မာ နယ်စပ်မှာ အဓိကကျတဲ့ တရားဝင် ကုန်သွယ်ရောင်းဝယ်တဲ့ နေရာဖြစ်ပါတယ်။ မီးလောင်ပြင်မှာ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့က လာတဲ့ တန်ဖိုးကြီး ကုန်ပစ္စည်းတွေ၊ တခြား အရှေ့တောင် အာရှဒေသထွက် ကုန်ပစ္စည်းတွေ ပျက်စီးပြီး စုပြုံနေပါတယ်။ ဆုံးရှုံးမှုတန်ဖိုး ကြီးမားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)