မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်တဲ့ လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်း

0
393

မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်တဲ့ လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ပြောကြားလိုက်ပါတယ်။

2

အဲဒီလို ရပ်ဆိုင်းလိုက်တာဟာ မလေးရှားနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့်ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က စတင်ရပ်ဆိုင်းလိုက်တာပါ။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ ခွင့်ပြုမိန့်ရရှိပြီးတဲ့ အလုပ်သမားတွေကို စေလွှတ်တဲ့အခါမှာ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက သက်ဆိုင်ရာအေဂျင်စီရဲ့ကုန်ကျခံမှုနဲ့ အမြန်ဆုံးခေါ်ယူရမှာဖြစ်ပြီး ဆောင်ရွက်နိုင်ခြင်း မရှိပါက လိုင်စင်ရုပ်သိမ်းတဲ့ အထိ အရေးယူမှာဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၄ ရက်နေ့က ကွာလာလမ်ပူက ချီတက်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သလို မြန်မာအစိုးရအပေါ်လည်း ဝေဖန်စွပ်စွဲမှုတွေ လုပ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာအလုပ်သမား သိန်းနဲ့ချီပြီး သွားရောက်အလုပ်လုပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာအများစုဟာ ဝင်ငွေနည်းတဲ့ အလုပ်တွေလုပ်ကိုင်ပြီး အသက်မွေးနေကြရတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)