အမွန္တရားကို ဖံုးကြယ္လို႔ မရဘူးလို႔ သတင္းေထာက္ ဝလံုး ေျပာ

0
1014

အမွန္တရားကို ဘယ္ေတာ့မွ ဖံုးကြယ္လို႔ မရေၾကာင္းနဲ႔ ဂ်ာနယ္လစ္ တစ္ေယာက္အေနနဲ႔ ေထာင္က်သည့္တိုင္ အမွန္တရားကို ဆက္လက္ ရွာေဖြဦးမယ္လို႔ သတင္းေထာက္ ကိုဝလံုးက ေျပာပါတယ္။

အင္းစိန္ ေျမာက္ပိုင္းခ႐ိုင္တရား႐ံုး ဒီေန႔႐ံုးထုတ္မွာ ျမန္မာႏိုင္ငံအစိုးရ လွ်ဳိ႕ဝွက္ခ်က္မ်ား အက္ဥပေဒနဲ႔ တရားစြဲခံရတဲ့ ႐ိုက္တာ သတင္းေထာက္ ကိုဝလံုးက ေျပာတာျဖစ္ပါတယ္။ သူတို႔ကို အခုလို ဖမ္းဆီးမႈေၾကာင့္ တရား႐ံုးမွာ ရက္ေတြ အမ်ားႀကီး အခ်ိန္ကုန္ေတြကုန္တယ္၊ သတင္းမေရးႏိုင္ဘူးလို႔လည္း သတင္းေထာက္ ဝလံုးက ေျပာပါတယ္။

ဝလံုးရဲ႕ အိမ္ကို ရွာေဖြၿပီး ကြန္ပ်ဴတာနဲ႔ မွတ္စုေတြ သိမ္းယူတဲ့အေၾကာင္း သက္ေသက ထြက္ဆိုတာ ျဖစ္တယ္၊ ဒါဟာ မီဒီယာကို ဖိႏွိပ္တာျဖစ္တယ္၊ သတင္းေရးလို႔ မရေအာင္ သတင္းေထာက္ေတြကို ဖိႏွိပ္တာ ျဖစ္တယ္လို႔ သတင္းေထာက္ ေက်ာ္စိုးဦးကလည္း ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမှန်တရားကို ဖုံးကွယ်လို့ မရဘူးလို့ သတင်းထောက် ဝလုံး ပြော

အမှန်တရားကို ဘယ်တော့မှ ဖုံးကွယ်လို့ မရကြောင်းနဲ့ ဂျာနယ်လစ် တစ်ယောက်အနေနဲ့ ထောင်ကျသည့်တိုင် အမှန်တရားကို ဆက်လက် ရှာဖွေဦးမယ်လို့ သတင်းထောက် ကိုဝလုံးက ပြောပါတယ်။

အင်းစိန် မြောက်ပိုင်းခရိုင်တရားရုံး ဒီနေ့ရုံးထုတ်မှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲခံရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးက ပြောတာဖြစ်ပါတယ်။ သူတို့ကို အခုလို ဖမ်းဆီးမှုကြောင့် တရားရုံးမှာ ရက်တွေ အများကြီး အချိန်ကုန်တွေကုန်တယ်၊ သတင်းမရေးနိုင်ဘူးလို့လည်း သတင်းထောက် ဝလုံးက ပြောပါတယ်။

ဝလုံးရဲ့ အိမ်ကို ရှာဖွေပြီး ကွန်ပျူတာနဲ့ မှတ်စုတွေ သိမ်းယူတဲ့အကြောင်း သက်သေက ထွက်ဆိုတာ ဖြစ်တယ်၊ ဒါဟာ မီဒီယာကို ဖိနှိပ်တာဖြစ်တယ်၊ သတင်းရေးလို့ မရအောင် သတင်းထောက်တွေကို ဖိနှိပ်တာ ဖြစ်တယ်လို့ သတင်းထောက် ကျော်စိုးဦးကလည်း ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)