ဥပေဒၾကမ္းေကာ္မတီ၏ ျပင္ဆင္ခ်က္မ်ားအတုိင္း ၿငိမ္းစုစီ အတည္ျပဳ (႐ုပ္/သံ)

0
287

ၿငိမ္းခ်မ္းစြာစုေ၀းျခင္းနဲ႔ ၿငိမ္းခ်မ္းစြာစီတန္းလွည့္လည္ျခင္းဆုိင္ရာ ဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို ဥပေဒၾကမ္းေကာ္မတီရဲ႕ ျပင္ဆင္ခ်က္ေတြအတုိင္း အတည္ျပဳလိုက္ပါတယ္။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီအတြင္းေရးမွဴး ေဒါက္တာျမတ္ဥာဏစိုး စတင္ တင္သြင္းစဥ္ထဲက လႊတ္ေတာ္တြင္းမွာေရာ၊ လႊတ္ေတာ္ျပင္ပမွာပါ အျငင္းပြားဖြယ္ရာျဖစ္ေနတဲ့ ျငိမ္းစုစီဥပေဒကိုျပင္ဆင္တဲ့ ဥပေဒၾကမ္းကို ဒီေန႔ မတ္လ ၇ ရက္မွာ ျပဳလုပ္တဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေ၀းအတြင္းမွာ အတည္ျပဳလုိက္တာပါ။

ဒီဥပေဒၾကမ္းကို လႊတ္ေတာ္ကိုယ္စားလွယ္ ၁၃ ဦး ပါ၀င္ေဆြးေႏြးခဲ့ျပီး အမ်ားစုကေတာ့ ကန္႔ကြက္ေဆြးေႏြးခဲ့ၾကပါတယ္။ဒီထဲမွာ လက္ရွိ အာဏာရပါတီ NLD က ကိုယ္စားလွယ္ေတြလည္း ပါ၀င္ခဲ့ျပီး စစ္ကိုင္းတုိင္းေဒသၾကီး မဲဆႏၵနယ္အမွတ္ ၅ က ဦးရဲထြဋ္က ဒီဥပေဒကို ျပင္ဆင္တာဟာ ဒီမိုကေရစီကို ေဘာင္က်ဥ္းေအာင္ေဆာင္ရြက္လိုက္တာျဖစ္တယ္လို႔ ေျပာပါတယ္။

Interview – ဦးရဲထြဋ္ ( အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္)
စစ္ကိုင္းတုိင္းေဒသၾကီးမဲဆႏၵနယ္အမွတ္ ၅

ျငိမ္းစုစီကိုျပင္ဆင္တဲ့ဥပေဒၾကမ္းနဲ႔ ပတ္သက္ျပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေဆြးေႏြးမႈအျပီးမွာ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒က လႊတ္ေတာ္ကို ရပ္နားေစျပီး ဥပေဒကို ၾကားနာဖုိ႔ ေဆာင္ရြက္ခဲ့ပါတယ္။
လႊတ္ေတာ္ျပန္လည္စတင္ခ်ိန္မွာ ဥပေဒၾကမ္းကို တစ္ပိုဒ္ခ်င္းစီအလိုက္ အတည္ျပဳဖုိ႔ အမ်ိဳးသားလႊတ္ေတာ္ရဲ႕ အဆံုးအျဖတ္ခံယူခဲ့ရာမွာ ေထာက္ခံမဲက မ်ားခဲ့တဲ့အတြက္ ဆက္လက္ေဆာင္ရြက္ခဲ႔ေပမယ္႔ ဒီဥပေဒၾကမ္း အတည္ျပဳေနခ်ိန္မွာ တပ္မေတာ္သားကုိယ္စားလွယ္ တစ္ဦးက ကန္႔ကြက္ခဲ့ပါေသးတယ္။

Interview – ဗုိလ္မွဴးၾကီးစိုးေရႊ ( တပ္မေတာ္သားအမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္)

ျငိမ္းခ်မ္းစြာစုေ၀းျခင္းနဲ႔ ျငိမ္းခ်မ္းစြာစီတန္းလွည့္လည္ျခင္းဆုိင္ရာ ဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို လႊတ္ေတာ္ျပင္ပမွာ ဆႏၵျပမႈေတြ ရွိေနေပမယ့္ အမ်ိဳးသားလႊတ္ေတာ္ဥေပဒၾကမ္းေကာ္မတီရဲ႕ ျပင္ဆင္ျပ႒ာန္းခ်က္ေတြအတုိင္း အမ်ိဳးသားလႊတ္ေတာ္က အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ဒီဥပေဒၾကမ္းကို ျပည္သူ႔လႊတ္ေတာ္ကို ဆက္လက္ပို႔ေဆာင္သြားမွာ ျဖစ္ျပီး သေဘာထားကြဲလြဲမႈေတြရွိပါက ျပည္ေထာင္စုလႊတ္ေတာ္မွာ ဆက္လက္ အဆံုးအျဖတ္ ခံယူသြားမွာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်တွေအတိုင်း အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက် ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး စတင် တင်သွင်းစဉ်ထဲက လွှတ်တော်တွင်းမှာရော၊ လွှတ်တော်ပြင်ပမှာပါ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ငြိမ်းစုစီဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ မတ်လ ၇ ရက်မှာ ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအတွင်းမှာ အတည်ပြုလိုက်တာပါ။

ဒီဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ပါဝင်ဆွေးနွေးခဲ့ပြီး အများစုကတော့ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။ဒီထဲမှာ လက်ရှိ အာဏာရပါတီ NLD က ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ က ဦးရဲထွဋ်က ဒီဥပဒေကို ပြင်ဆင်တာဟာ ဒီမိုကရေစီကို ဘောင်ကျဉ်းအောင်ဆောင်ရွက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

Interview – ဦးရဲထွဋ် ( အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၅

ငြိမ်းစုစီကိုပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုအပြီးမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကို ရပ်နားစေပြီး ဥပဒေကို ကြားနာဖို့ ဆောင်ရွက်ခဲ့ပါတယ်။
လွှတ်တော်ပြန်လည်စတင်ချိန်မှာ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုဖို့ အမျိုးသားလွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူခဲ့ရာမှာ ထောက်ခံမဲက များခဲ့တဲ့အတွက် ဆက်လက်ဆောင်ရွက်ခဲ့ပေမယ့် ဒီဥပဒေကြမ်း အတည်ပြုနေချိန်မှာ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးက ကန့်ကွက်ခဲ့ပါသေးတယ်။

Interview – ဗိုလ်မှူးကြီးစိုးရွှေ ( တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်ပြင်ပမှာ ဆန္ဒပြမှုတွေ ရှိနေပေမယ့် အမျိုးသားလွှတ်တော်ဥပေဒကြမ်းကော်မတီရဲ့ ပြင်ဆင်ပြဋ္ဌာန်းချက်တွေအတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကို ဆက်လက်ပို့ဆောင်သွားမှာ ဖြစ်ပြီး သဘောထားကွဲလွဲမှုတွေရှိပါက ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် အဆုံးအဖြတ် ခံယူသွားမှာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)