နိုဘဲလ်ဆုရှင် တိုနီမော်ရစ်ဆန် စာပေဆု ထပ်မံချီးမြှင့်ခံရ

0
327

အမေရိကန် စာရေးဆရာမ တိုနီမော်ရစ်ဆန်ဟာ ၁၉၉၃ ခုနှစ်မှာ စာပေနိုဘဲလ်ဆုကြီးကို ရရှိခဲ့ပြီးနောက်ပိုင်း အခုနာမည်ကျော်ဆု တစ်ဆုကို ထပ်မံချီးမြှင့် ခံရပါတယ်။

ပူလစ်ဇာဆုရ ၀တ္ထုရေးဆရာမမော်ရစ်ဆန်ဟာ အမေရိကန် ၀ိဇ္ဇာ-သိပ္ပံ အကယ်ဒမီက ချီးမြှင့်တဲ့ အီမာဆန်-သိုရီး ဆုတံဆိပ်ကိုထပ်မံ ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဆုကို ၁၉၅၈ ခုနှစ်ကစတင်ပြီး တစ်သက်တာ စာပေထူးချွန်ဆုအနေနဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒီဆုကို အရင်ရရှိခဲ့သူတွေထဲမှာ ရောဘတ်ဖရော့စ်၊ တီအက်စ်အီလီရော့တ်၊ ကတ်သရင်းအန်းပေါ်တာ၊ ဆာလ်ဘီလိုး၊ နော်မန် မေးလ်လာနဲ့ ဖိလစ်ရော့စတဲ့ အမေရိကန် စာပေပညာရှင်တွေ ပါဝင်ခဲ့ကြပါတယ်။

မစ္စမော်ရစ်ဆန်ဟာ အဆိုပါဆုကို မနက်ဖြန် ဧပြီ ၇ ရက် ညနေပိုင်းမှာ မန်ဆာချုးဆက် ပြည်နယ်၊ ကိန်းဘရစ်မှာ တည်ရှိတဲ့ အကယ်ဒမီ ကျောင်းရုံးချုပ်ကို သွားရောက်ပြီး လက်ခံရယူမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)