အသားစားပိုးကြောင့် သြစတြေးလျမှာ အမျိုးသားတစ်ဦး ခြေထောက်ဖြတ်ပြစ်ရ

0
368

သြစတြေးလျနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ အသားစားတဲ့ ဘတ်တီးရီးယားကြောင့် ခြေထောက်တွေကို ဖြတ်တောက်လိုက်ရကြောင်း သူ့ရဲ့မိသားစုက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံကနေ အမျိုးတွေဆီ အလည်အပတ်ရောက်ရှိလာသူ တာရီပါရီဂျာဟာ ပြီးခဲ့တဲ့တစ်လခန့်က နေမကောင်းဖြစ်လာခဲ့ကြောင်း သမီးဖြစ်သူ ဂျက်ဖ်မာရေးပါရီဂျာက ပြောပြပါတယ်။

မစ္စတာပါရီဂျာဟာ ပင့်ကူအကိုက်ခံရပြီး အခုလိုဖြစ်ခဲ့တာလို့ သူ့ရဲ့မိသားစုက ယူဆထားကြပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက အဲဒီ လိုယူဆဖို့ ခိုင်မာတဲ့ အထောက်အထားမရှိဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

“ သဘောတရားအရ ပြောရမယ်ဆိုရင် အရှင်လတ်လတ်ကြီး အစားခံနေရတာပဲ” လို့ မစ္စပါရီဂျာက ပြောပါတယ်။ “ သူဆေးရုံမှာ ၁၂ လကနေ ၁၈ လအထိ ဆက်နေဖို့လိုနေတယ်” လို့ သူမက ပြောဆိုခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ မစ္စတာပါရီဂျာ ၆၅ နှစ် ဟာ နီခရို တိုက်ဇင်းဖာစီတစ်စ် necrotising fasciitis ဆိုတဲ့ ရောဂါခံစားနေရတယ်လို့ ဆရာဝန်တွေက သတ်မှတ်ကြကြောင်းလည်း သူမက ဆက်လက် ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)