ၿငိမ္းစုစီ ဥပေဒၾကမ္း ပယ္ဖ်က္ေရး အရပ္ဖက္အဖြဲ႕ ၁၈၂ ဖြဲ႕ ေတာင္းဆို

0
898

ၿငိမ္းခ်မ္းစြာ စုေဝးျခင္းႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆုိင္ရာ ဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္းပါ အခ်က္အလက္ေတြကို သေဘာမတူတဲ့အတြက္ ပယ္ဖ်က္ေပးဖို႔ အရပ္ဖက္ အဖြဲ႔အစည္း ၁၈၂ ဖြဲ႕နဲ႔ တသီးပုဂၢလ ၁၆ ဦးတို႔က ေတာင္းဆိုလိုက္ပါတယ္။

ဆႏၵထုတ္ေဖာ္ရာမွာ ႏိုင္ငံေတာ္ လံုၿခံဳေရး၊ တရားဥပေဒ စိုးမိုးေရး၊ တည္ၿငိမ္ေအးခ်မ္းေရး သို႔မဟုတ္ အမ်ားျပည္သူ ကိုယ္က်င့္တရားနဲ႔ မဆန္႔က်င္ရ၊ ဆႏၵေဖာ္ထုတ္ပြဲအတြက္ ခန္႔မွန္းကုန္က်စရိတ္နဲ႔ ကုန္က်ခံမည့္ အရင္းအျမစ္ ေဖာ္ျပဖို႔၊ ဥပေဒနဲ႔ မညီတဲ့ ဆႏၵေဖာ္ထုတ္ ေထာင္ဒဏ္ ၃ ႏွစ္နဲ႔ ေငြဒဏ္အကန္႔အသတ္ မရွိ ခ်မွတ္ဖို႔ ဆိုတဲ့ အခ်က္ ၃ ခ်က္ အပါအဝင္ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ကို ထိပါးတဲ့ အခ်က္ေတြကို ေထာက္ျပၿပီး ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းစုစီ ဥပဒေကြမ်း ပယ်ဖျက်ရေး အရပ်ဖက်အဖွဲ့ ၁၈၂ ဖွဲ့ တောင်းဆို

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ အချက်အလက်တွေကို သဘောမတူတဲ့အတွက် ပယ်ဖျက်ပေးဖို့ အရပ်ဖက် အဖွဲ့အစည်း ၁၈၂ ဖွဲ့နဲ့ တသီးပုဂ္ဂလ ၁၆ ဦးတို့က တောင်းဆိုလိုက်ပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး သို့မဟုတ် အများပြည်သူ ကိုယ်ကျင့်တရားနဲ့ မဆန့်ကျင်ရ၊ ဆန္ဒဖော်ထုတ်ပွဲအတွက် ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမည့် အရင်းအမြစ် ဖော်ပြဖို့၊ ဥပဒေနဲ့ မညီတဲ့ ဆန္ဒဖော်ထုတ် ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်အကန့်အသတ် မရှိ ချမှတ်ဖို့ ဆိုတဲ့ အချက် ၃ ချက် အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ထိပါးတဲ့ အချက်တွေကို ထောက်ပြပြီး ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)