ဘူးသီးတောင်မှာ စစ်သင်တန်း ပို့ချသူနဲ့ စစ်သင်တန်း တက်ရောက် ထားသူတွေ ဖမ်းမိ

0
297

ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာမှာ စစ်သင်တန်းပို့ချသူ တစ်ဦး၊ စစ်သင်တန်းတက်ရောက်ပြီးသူ ၃ ဦးနဲ့ လုပ်သေနတ် ၁၄ လက်တို့ကို ဇန်န၀ါရီလ ၄ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

15895289_665229113650198_8735984774306168804_n

မောင်ကြီးတောင်ကျေးရွာမှာ စစ်သင်တန်းတက်ရောက်ပြီးသူတွေနဲ့ လက်နက်တွေရောက်ရှိနေကြောင်း သတင်းရရှိတာကြောင့် လုံးခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီကျေးရွာကို ဖြန့်ခွဲပိတ်ဆို့ရှင်းလင်းခဲ့ရာ စစ်သင်တန်းပို့ချသူ မာမက်ကာရက်နဲ့ သင်တန်းတက်ရောခဲ့သူ ကူမူရူး၊ ဒီမာမွတ်နဲ့ မာဒူလားတို့ ဖမ်းဆီးရရှိခဲ့ပြီး ဒီမာမွတ်ရဲ့ ကွမ်းခြံမှာ မြေမြှုပ်ဝှက်ထားတဲ့ လုပ်သေနတ် ၁၄ လက်ကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။

15871562_665229116983531_959627604337581454_n

အခုဖမ်းဆီးရရှိသူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)