အွန်လိုင်းမှာ NLD ပါတီနမည်နဲ့ရေးသားနေတဲ့ သတင်းအမှားတွေ မယုံကြည်ဖို့ ထုတ်ပြန်

0
361

လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာရေးသားနေကြတဲ့ NLD သတင်းသီးသန့် NLD Central News စတဲ့ နာမည်တွေနဲ့ အင်တာနက်မှာ နိုင်ငံတော်သမ္မတ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ရေးသားလာတာနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့ အဲ့ဒီ သတင်းတွေဟာ ကောလာဟလသတင်းတွေသာ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက ဒီကနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။

အခုလိုရေးသားနေတဲ့သူတွေကိုလည်း တရားဥပဒေနဲ့အညီ စုံစမ်းဖော်ထုတ်အရေးယူသွားမှာဖြစ်ပြီး ပြည်သူတွေအတွက် သတင်းအမှန်တွေကိုလည်း စဉ်ဆက်မပျက် အစိုးရအနေနဲ့ ထုတ်ပြန်ပေးသွားမယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

အခုရက်ပိုင်းအတွင်းမှာ NLD သတင်းသီးသန့် NLD Central News စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ နိုင်ငံတော်သမ္မတ အနားယူတော့မှာ ဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့တာတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ကြောင်း အခုလို နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)