လိင်တူချစ်သူလို့ သံသယရှိသူ တစ်ရာကျော် ဖမ်းဆီး

0
339

ရုရှားခွဲထွက်နိုင်ငံ တစ်ခုဖြစ်တဲ့ ချေချင်ညာမှာ လိင်တူချစ်သူလို့ သံသယရှိသူ ပြည်သူ ရာနဲ့ချီပြီး ဖမ်းဆီးခံနေရပြီး ဖမ်းဆီးခံရသူ တွေထဲက သုံးဦးကို သူတို့ရဲ့လိင်ပိုင်းဆိုင်ရာ အပြုအမှုအတွက် သုတ်သင်ခဲ့ပါတယ်။

ဒါပေမဲ့ ချေချင်ညာအစိုးရကတော့ အဆိုပါသတင်းတွေဟာ အလိမ်အညာတွေဖြစ်ပြီး သတင်းမှားတွေသာဖြစ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ထိန်းသိမ်းခံထားရတဲ့လို့ သတင်းထွက်ပေါ် နေတဲ့သူတွေဟာ အမှန်တကယ်မရှိတဲ့သူတွေ ဖြစ်နေကြောင်း ပြောဆိုပြီး ငြင်းဆို သွားခဲ့တာဖြစ်ပါတယ်။

ချေချင်ညာ ခေါင်းဆောင် ရမ်ဇန်ကဒ်ရော့ဗ်ရဲ့ပြောရေးဆိုခွင့်ရှိသူ အဲလ်ဗီကလီမော့ဗ်က ချေချင်ညာ နိုင်ငံတွင်းမှာ လိင်တူဆက်ဆံ သူမရှိကြောင်းနဲ့ တကယ်လို့ ရှိနေခဲ့ရင်လည်း အာဏာပိုင်တွေ အနေနဲ့ ဘာမှဆောင်ရွက်စရာမလိုဘဲ ကာယကံရှင်ရဲ့ဆွေမျိုးတွေ က အဲဒီ လိင်တူချစ်သူကိုမပြန်လမ်းပို့လိုက်ကြမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။

လိင်တူချစ်သူ အကြောင်း ပြောဆိုဝါဒဖြန့်ချိမှုကို ရုရှားမှာ တားမြစ်ထားပြီး အထူးသဖြင့် ချေချင်ညာလို မွတ်စလင် လူများစုနေထိုင်တဲ့ တိုင်းပြည်မှာ လိင်တူချစ်သူဆိုတဲ့ကိစ္စဟာ အင်မတန်ကြီးမားတဲ့ အပြစ်တစ်ခု ဖြစ်ပါတယ်။

ချေချင်ညာဟာ တရားဝင်အားဖြင့် ရုရှားနိုင်ငံထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအနေနဲ့ နိုင်ငံတစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ် တဲ့ ရမ်ဇန်ကဒ်ရော့ဗ်ရဲ့စကားတွေဟာ ရုရှားဥပဒေတွေအတိုင်း ပြောဆိုမှုတွေပဲ များပါတယ်။

ချေချင်ညာဟာ ရှေးရိုးစွဲ ဆန်လွန်းတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုဖြစ်ပြီး တကယ်လို့ တစ်စုံတစ်ယောက်က လိင်တူချစ်သူအခွင့်အရေးကို တက်ကြွလှုပ်ရှားမှု ပြုလုပ်ခဲ့မယ်ဆိုရင် မိသားစုဝင်တွေက သူ့ကို မိသားစုအဖြစ်ကနေ စွန့်ပစ်လိုက်ကြလေ့ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)