ကုလ လူ့အခွင့်အရေး ကောင်စီ အရေးယူ အပြစ်ပေးတာထက် ကူညီ ပံ့ပိုးဖို့ မြန်မာအစိုးရတိုက်တွန်း

0
330

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေနဲ့ အရေးယူ အပြစ်ပေးတဲ့အပေါ် အာရုံစိုက်နေတာထက် ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်း ဆောင်ရွက်ချက်တွေကို ကူညီ ပံ့ပိုးပေးရေးအတွက် အပြုသဘောနဲ့ ချဉ်းကပ် ဆောင်ရွက်ဖို့ မြန်မာအစိုးရက တိုက်တွန်းလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ (၂၇)မှ မတ် (၁) ရက်အထိ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (၃၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေး High-Level Segment မှာ ဖေဖော်ဝါရီလ (၂၈)ရက် မွန်းလွဲပိုင်းမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ လူ့အသိုက်အဝန်းတွေကို ပိုမို ကွဲပြားသွားအောင် ဆောင်ရွက်တာမျိုး မဖြစ်စေဘဲ၊ ပိုမို နီးကပ်လာဖို့အတွက် ကြိုးပမ်းမှုမှာ ကူညီပံ့ပိုးရေးကို အာရုံစိုက်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)