သာကေတ နှစ်လောင်းပြိုင် သေဆုံးမှု အမှုမှန် ရဲတပ်ဖွဲ့ ထုတ်ပြန်

0
312

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြရည်နန္ဒာ အိမ်ရာဝင်း၊ အမှတ် (၈) မှာ လင်မယား နှစ်ဦး သေဆုံးမှုဟာ ခင်ပွန်းဖြစ်သူက ဇနီးကို သတ်ပြီး သူ့ကိုယ်သူ သတ်သေခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။

သေဆုံးသူတွေက အိန္ဒိယ နိုင်ငံသား အသက် ၄၈ နှစ်အရွယ် ဗစ်တာ ရပ်ဂ်ျ (Victor Raj) နဲ့ အသက် ၃၁ နှစ်အရွယ် မခိုင်စပယ်နှင်းအောင်တို့ ဖြစ်ပါတယ်။

ဗစ်တာ ရပ်ဂ်ျဟာ အလုပ်အကိုင် ၇ ကြိမ် ပြောင်းခဲ့ပြီးနောက် လက်ရှိမှာ အလုပ်မကိုင် မရှိကြောင်း၊ အကြွေးအမြောက်အများ တင်နေပြီး ဇနီးဖြစ်သူကိုလည်း ကျပ်သိန်း ၅၀ ပေးဖို့ ရှိနေကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အခင်းဖြစ်တဲ့ နေ့ မေလ ၃၁ ရက်နေ့မှာ မခိုင်စပယ်အောင်ရဲ့ ညီမဝမ်းကွဲ မခိုင်နှင်းဝေ၊ အိမ်အကူ မနွဲ့နဲ့ ဒေါ်ခင်ဆွေတင့်၊ လုံခြုံရေး ဝန်ထမ်း ဦးအုန်းမြင့်တို့ ရှိနေပြီး သူ့အခန်းကို အိမ်အကူတွေ သန့်ရှင်းရေး ဝင်မလုပ်ဖို့နဲ့ လုံခြုံရေးဝန်ထမ်းကိုလည်း သူနေအိမ်မှာ မရှိဘဲ နိုင်ငံခြား ပြန်သွားတယ်လို့ ပြောဖို့ ဗစ်တာ ရပ်ဂ်ျက မှာထားခဲ့ပါတယ်။

 

နေ့လည် ၁၂ နာရီခွဲမှာ မခိုင်စပယ်နှင်းအောင် နေအိမ်ကို ပြန်လာပြီး နေအိမ် အောက်ထပ်ရှိ သူ့အိပ်ခန်းကို ဝင်သွားကြောင်း၊ အိမ်ထဲမှာ သူတို့ လင်မယား နှစ်ဦးသာ ရှိပြီး ကျန်လူတွေက ခြံဝင်းအတွင်း အလုပ်လုပ်နေကြကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဗစ်တာရပ်ဂ်ျဟာ ဇနီးဖြစ်သူကို တူနဲ့ ဓား အသုံးပြု သတ်ဖြတ်ပြီးနောက် သူ့ကိုယ်သူ သတ်သေခဲ့တာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မခိုင်စပယ်နှင်းအောင်မှာ တူနဲ့ ထုထားတဲ့ ချိုင့်ဝင် ဒဏ်ရာ၊ ဗစ်တာရပ်ဂ်ျမှာ လက်ဝဲ၊ လက်ယာ လက်ကောက်ဝတ်ကို လှီးဖြတ်ဒဏ်ရာ ၁ ချက်စီ တွေ့ရှိရပါတယ်။

ဗစ်တာရပ်ဂ်ျဟာ တူနဲ့ ဓားကို Capital Hyper Market မှာ ကိုယ်တိုင် ဝယ်ယူခဲ့ကြောင်း CCTV မှတ်တမ်းနဲ့ ငွေရပြေစာ အထောက်အထားတွေအရ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)