
0
2039




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှာ သတင်းမီဒီယာတွေရဲ့ ကူညီမှုအရေးကြီးဟုဆို

တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှာ သတင်းမီဒီယာတွေရဲ့ ဝိုင်းဝန်းကူညီမှု အလွန်အရေးကြီးတယ်လို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ကျင်းပတဲ့ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) မိတ်ဆက်ရှင်းလင်းတဲ့ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှာ တရားသူတွေ၊ တရားရေးအရာရှိတွေနဲ့ ရုံးဝန်ထမ်းတွေက ကြိုးပမ်းတာသာမက အရပ်ဖက်ဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေက ဝိုင်းဝန်းကူညီဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)