Facebook မွာ group ေထာင္ၿပီး မႏၱေလးတိုင္း ဝန္ႀကီးခ်ဳပ္ကို သေရာ္သူေတြ အမႈဖြင့္ခံရ

0
535

Facebook လူမႈကြန္ရက္မွာ we love dauk zaw နာမည္နဲ႔ public group ေထာင္ၿပီး ေနာက္ေျပာင္ သေရာ္တဲ့ ပို႔စ္တင္သူ ႏွစ္ဦးကို အမွတ္ (၁၁) ရဲစခန္းမွာ စက္တင္ဘာလ ၁၆ ရက္ေန႔က မႏၱေလး တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ ကိုယ္စား ကိုယ္စားလွယ္တစ္ဦးက အမႈဖြင့္လွစ္ထားပါတယ္။ 

အဲဒီ Group မွာ ေဒါက္တာ ေဇာ္ျမင့္ေမာင္ရဲ႕ ဓာတ္ပံုေတြကို ဟာသလုပ္ၿပီး sharing လုပ္ၾကတာ ျဖစ္ပါတယ္။ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကိုလည္း we love kwee phyo ဆိုၿပီး Facebook group ေထာင္ခ်ိန္မွာ mamber ဝင္ ႏွစ္သိန္းေက်ာ္အထိ ရွိခဲ့ၿပီး မႏၲေလး တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကို ရည္ရြယ္ေထာင္ထားတဲ့ we love dauk zaw group မွာေတာ့ လူ တစ္ေထာင္ေက်ာ္သာ ရွိပါတယ္။

we love dauk zaw ေပၚက စာသားေတြျဖစ္တဲ႔ “ခ်ာတိတ္ေလး မင္းကိုယ့္ကို စိုးမိုးလြန္းတယ္”၊ “ပါးခ်ခံရမယ္” အစရွိတဲ့ စာသားေတြဟာ ဂုဏ္သိကၡာ ထိခိုက္ေစတယ္ဆိုၿပီး တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ လက္ရွိမွာ မႏၱေလးတုိင္း ဝန္ႀကီးခ်ဳပ္ အပါအဝင္ ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကုိလည္း အခုလို လူမႈကြန္ရက္စာမ်က္ႏွာ group ဖဲြ႔ၿပီး ေနာက္ေျပာင္ သေရာ္မႈေတြ ရွိေနတာ ျဖစ္ပါတယ္။

Facebook မှာ group ထောင်ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်ကို သရော်သူတွေ အမှုဖွင့်ခံရ


Facebook လူမှုကွန်ရက်မှာ we love dauk zaw နာမည်နဲ့ public group ထောင်ပြီး နောက်ပြောင် သရော်တဲ့ ပို့စ်တင်သူ နှစ်ဦးကို အမှတ် (၁၁) ရဲစခန်းမှာ စက်တင်ဘာလ ၁၆ ရက်နေ့က မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက အမှုဖွင့်လှစ်ထားပါတယ်။


အဲဒီ Group မှာ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဓာတ်ပုံတွေကို ဟာသလုပ်ပြီး sharing လုပ်ကြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုလည်း we love kwee phyo ဆိုပြီး Facebook group ထောင်ချိန်မှာ mamber ဝင် နှစ်သိန်းကျော်အထိ ရှိခဲ့ပြီး မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ရည်ရွယ်ထောင်ထားတဲ့ we love dauk zaw group မှာတော့ လူ တစ်ထောင်ကျော်သာ ရှိပါတယ်။


we love dauk zaw ပေါ်က စာသားတွေဖြစ်တဲ့ “ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးလွန်းတယ်”၊ “ပါးချခံရမယ်” အစရှိတဲ့ စာသားတွေဟာ ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုလည်း အခုလို လူမှုကွန်ရက်စာမျက်နှာ group ဖွဲ့ပြီး နောက်ပြောင် သရော်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။