တိုင်းရင်းသားအမည်ခံပြီး မှတ်ပုံတင်ထုတ်ပေးမှု ဘာ့ကြောင့် ဖြစ်လာရတာလဲ

0
58


ရခိုင်ပြည်နယ် ပဋိပက္ခစတင်ရာ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ဒေသမှာ ကမန်တိုင်းရင်းသား မဟုတ်သူ အမြောက်အများကို ကမန်တိုင်းရင်းသား အမည်ခံပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ အခုလို နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးမှုကြောင့် ကမန်တိုင်းရင်းသားတွေ အနေနဲ့ လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်တွေပါ ဆုံးရှုံးရနိုင်တဲ့ အခြေအနေမျိုးတွေ အထိ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အခု နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးထားသူတွေကို ကမန်တိုင်းရင်းသား ဟုတ်၊ မဟုတ် ကမန်တိုင်းရင်းသား စိစစ်ရေးကော်မတီ အနေနဲ့ စစ်ဆေးအတည်ပြုခွင့် ပေးဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။ အပြည့်အစုံကိုတော့ ကျောက်နီမော်ဒေသရဲ့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဆရာကြီး ဦးကျော်သန်း နဲ့ ကမန်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးတင်ငွေ တို့ကို MCN သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအံ့ဘုန်းမြတ်က တွေ့ဆုံမေးမြန်း တင်ဆက်ပေးထားပါတယ်။

?bph6