Eternals ဇာတ္ကား ပါဝင္သ႐ုပ္ေဆာင္မယ့္ ကမာၻေက်ာ္မင္းသမီး ဂ်ိဳလီ

0
30

ကမာၻေက်ာ္ ေဟာလိဝုဒ္ မင္းသမီး အင္ဂ်လီနာ ဂ်ိဳလီဟာ မာဗယ္လ္ ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီက ႐ိုက္ကူးထုတ္လုပ္မယ့္ Eternals ဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။ 

Eternals ဇာတ္ကားကို ၂၀၂၀ ခုႏွစ္၊ ႏုိဝင္ဘာလ ၆ ရက္မွာ ႐ံုတင္ျပသဖို႔ စီစဥ္ထားတယ္လို႔ မာဗယ္ ကုမၸဏီက ေျပာပါတယ္။ ဂ်ိဳလီက Eternals ဇာတ္ကားထဲမွာ သီနာ (Thena) ဇာတ္ေကာင္ ေနရာကေန ပါဝင္သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။

ဇာတ္ကားအတြက္ လိုအပ္တာေတြကို ေလ့က်င့္ေနၿပီး ဒီဇာတ္ကားအတြက္ ရင္ခုန္မိပါတယ္လို႔ ဂ်ိဳလီက ေျပာပါတယ္။ ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီ မာဗယ္ဟာ စူပါဟီး႐ိုး ဇာတ္ကားသစ္နဲ႔ တီဗီစီးရီးသစ္မွာ ပါဝင္မယ့္ ဇာတ္ေကာင္သစ္၊ သ႐ုပ္ေဆာင္သစ္ေတြကို ၿပီးခဲ့တဲ့ရက္ပိုင္းက ေၾကညာခဲ့ပါတယ္။

Eternals ဇာတ်ကား ပါဝင်သရုပ်ဆောင်မယ့် ကမ္ဘာကျော်မင်းသမီး ဂျိုလီ

ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အင်ဂျလီနာ ဂျိုလီဟာ မာဗယ်လ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ရိုက်ကူးထုတ်လုပ်မယ့် Eternals ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Eternals ဇာတ်ကားကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်မှာ ရုံတင်ပြသဖို့ စီစဉ်ထားတယ်လို့ မာဗယ် ကုမ္ပဏီက ပြောပါတယ်။ ဂျိုလီက Eternals ဇာတ်ကားထဲမှာ သီနာ (Thena) ဇာတ်ကောင် နေရာကနေ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဇာတ်ကားအတွက် လိုအပ်တာတွေကို လေ့ကျင့်နေပြီး ဒီဇာတ်ကားအတွက် ရင်ခုန်မိပါတယ်လို့ ဂျိုလီက ပြောပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ မာဗယ်ဟာ စူပါဟီးရိုး ဇာတ်ကားသစ်နဲ့ တီဗီစီးရီးသစ်မှာ ပါဝင်မယ့် ဇာတ်ကောင်သစ်၊ သရုပ်ဆောင်သစ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့ပါတယ်။