Mulan (2020)

0
206

အားလုံးစောင့်မျှော်နေခဲ့ကြပြီး ပြီးခဲ့တဲ့ ၂၇ ရက်နေ့က ရုံမတင်ဖြစ်လိုက်တဲ့ မုလန်ကားကတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။

ပရိသတ်အများစုကတော့ ပုံကိုမြင်တာနဲ့ သိကြမှာပါပဲ။ ဒစ္စနေးရဲ့ မင်းသမီး တရုတ်သူရဲကောင်း ဟွားမုလန်ပါပဲ။ မုလန်ကို ကာတွန်းကားအဖြစ် တစ်မျိုး၊ တရုတ်မင်းသမီး Zhao Wei န့ရုပ်ရှင်အဖြစ်တစ်ဖုံ ကြည့်ဖူးပြီး ကြမှာပါ။ ဒီတစ်ခါတော့ ဒစ်စနေးကပဲ ဂူဂူးမင်းသမီးလို့လူတွေသိကြတဲ့ Liu Yifei နဲ့ ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကျဉ်းကတော့ တရုတ်ပြည်စစ်တပ်ဟာ နယ်ခြားက ကျူးကျော်လာသူတွေကို တိုက်ခိုက်ဖို့ တစ်အိမ်ကို ယောကျာ်းတစ်ယောက်နှုန်း စစ်ထဲဝင်ဖို့ အမိန့်ပေးလာပါတယ်။ မုလန်ဟာ နေမကောင်းဖြစ်နေတဲ့
ဖခင်ကိုယ်စား ယောကျာ်းယောင်ဆောင်ပြီး ဝင်လာခဲ့ပါတယ်။ စစ်တပ်ရဲ့အမိန့်အရ မိန်းကလေးဆိုတာသာသိသွားရင် မုလန် ချက်ချင်းအသတ်ခံရမှာပါပဲ။ ဒါကြောင့် မိန်းကလေးဘဝကိုလည်း ရအောင်ဖုံးကွယ်ရင်းတိုက်ပွဲတွေမှာ ယောကျာ်းအားလုံးထက် သာတဲ့ သတ္တနဲ့ စွမ်းရည်တွေ ပြသလာတဲ့အခါမှာ….

Director: Niki Caro
Writers: Rick Jaffa (screenplay by), Amanda Silver (screenplay by)
Stars: Yifei Liu, Donnie Yen, Li Gong |

https://www.imdb.com/title/tt4566758/
(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)