Cursed (2020)

0
746

IMDb Rating – 6.3/10

တိုင်းရင်းသားလူမျိုးစု (လူနည်းစု) တွေရဲ့ ဘဝတွေ၊ ခံစားချက်တွေနဲ့ မျှော်လင့်ချက်တွေ အကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကြိုးစားလိုသူတွေ အနေနဲ့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားအဖြစ် နက်ဖလစ်က အသစ်ထွက်လာတဲ့ အပိုင်း (၁၀) ပိုင်း ပါဝင်တဲ့ Cursed (2020) လို့ အမည်ရတဲ့ ရုပ်/သံဇာတ်လမ်းတွဲကို ညွှန်းဆို တင်ဆက်ပေးလိုက်ရပါတယ်။

IMDb မှာ Rating – 6.3/10 ရရှိထားတဲ့ ဒီရုပ်သံဇာတ်လမ်းတွဲကို Channel Myanmar ကနေလည်း မြန်မာစာတမ်းထိုးနဲ့ အစအဆုံး တင်ဆက်ပေးထားတဲ့ အတွက် ပြည့်ပြည့်စုံစုံ နားလည်ခံစားသိရှိနိုင်ကြမှာလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကိုတော့ Channel Myanmar မှာ အခုလို ညွှန်းဆိုရေးသားဖော်ပြထားတာပါ။

မင်းသမီးကတော့ 13 reasons why ထဲက ကတ်သရင်းလန်းဖို့ ပါပဲ။ ဇာတ်လမ်းကတော့ အာသာဘုရင် နဲ့ မှော်ဆရာ မာလင်တို့ခေတ်ကို အခြေခံထားပါတယ်။ အာသာတစ်ယောက် ဘုရင်ဖြစ်မလာခင်၊ မာလင်နဲ့မတွေ့ခင်မှာ အာသာကို ကူညီခဲ့တဲ့ မှော်ဆရာမ တစ်ယောက်ရဲ့ အကြောင်းပါပဲ။

အာသာမတိုင်ခင် အိတ်စ်က လီဘာ ဓားကို ကိုင်ပြီး တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်ပြီး မွေးရာပါ မှော်အစွမ်းတွေနဲ့ စုန်းမ နီမွေး အဖြစ် ကတ်သရင်းကသရုပ်ဆောင်ထားပါတယ်။

အာသာဘုရင်မတိုင်ခင် အူသာ ပန်ဒရက်ဂွန် ဘုရင်ဖြစ်နေတဲ့ခေတ်ဖြစ်ပြီး စုန်းတွေကို လိုက်သတ်တဲ့ ဖာသာ ကာဒန် နဲ့ သူရဲကောင်းနီတွေက စုန်းတွေရှိတယ်ဆိုတဲ့ Fey ရွာတွေကို လိုက်ပြီးဖျက်ဆီးနေချိန်ပါပဲ။

ခပ်ကြမ်းကြမ်း တိုက်ခိုက်ခန်းတွေနဲ့ မှော်ဆရာတွေအကြောင်းတွေမို့ Fantasy အမျိုးအစားကြိုက်သူတွေအတွက် ကြည့်စရာပါပဲ။ Game of Throne, Lord of The Ring အစရှိတဲ့ ခေတ်အစောပိုင်းကာလကို အခြေခံပြီး ရိုက်ကူးတဲ့ ရုပ်ရှင်ကြိုက်သူများအတွက်တော့ ဒါဟာ ဇာတ်လမ်းတွဲကောင်းလေး ဖြစ်စေမယ်ဆိုရင် မမှားပါဘူး။

ကြည့်ရှုလိုသူတွေအနေနဲ့ Channel Myanmar ရဲ့ အင်တာနက်လိပ်စာဖြစ်တဲ့ (ဒီနေရာမှာ) ဒေါင်းလုတ်ရယူနိုင်ကြမယ့်အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)