Eleven Media Group နဲ့သက်ဆိုင်တဲ့ အမှုကိစ္စမှာ အစိုးရဘက်ကသက်သေအဖြစ် ဦးမောင်ဝိတ် ထွက်ဆိုမယ်

0
241

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က Eleven Media Group နဲ့ သက်ဆိုင်တဲ့ အမှုကိစ္စတွေမှာ အစိုးရဘက်က သက်သေအဖြစ် တရားရုံးမှာ ထွက်ဆိုပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

umaungwait

နိုဝင်ဘာလ (၁၁) ရက်နေ့ညနေ ပိုင်းက တာမွေမြို့နယ် ရဲစခန်းက ဆင့်ခေါ်မှုကို သက်သေအဖြစ် လာရောက်ထွက်ဆိုမှု အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလိုပြောကြားတဲ့နေရာမှာတော့ Eleven Media Group ရဲ့ ရေးသားဖော်ပြမှုတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ တရားစွဲဆိုဖို့ မရှိဘူးလို့လည်း ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။