DSTA နဲ႔ ဌာနခ်ဳပ္ အပါအဝင္ ဂိတ္စခန္းေတြ တုိက္ခိုက္မႈကုိ ျပင္းထန္စြာ ကန္႔ကြက္ ရႈတ္ခ်ေၾကာင္း USDP အဆုိတင္

0
125

ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းမွာ ၾသဂုတ္လ ၁၅ ရက္ေန႔ မနက္ပိုင္းက တပ္မေတာ္ နည္းပညာတကၠသိုလ္ (DSTA) အပါအဝင္ ေနရာ ၅ ေနရာ ပစ္ခတ္ တိုက္ခုိက္ခံရတဲ့အတြက္ အၾကမ္းဖက္ တုိက္ခုိက္ခဲ့သူေတြကုိ ျပင္းထန္စြာ ကန္႔ကြက္ ႐ႈတ္ခ်ေၾကာင္းနဲ႔ ထိခုိက္ဒဏ္ရာရ ေသဆုံးသူေတြအတြက္ ေၾကကြဲဝမ္းနည္းေၾကာင္း အဆိုတစ္ရပ္ကုိ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ (USDP) က တင္သြင္းခဲ့ပါတယ္။

ဒီကေန႔ ၾသဂုတ္လ ၁၆ ရက္ေန႔က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ က်ဳိင္းတုံမဲဆႏၵနယ္ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးစတီဗင္က အဆုိတင္သြင္းခဲ့တာ ျဖစ္ပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းမွာ ၾသဂုတ္လ ၁၅ ရက္ေန႔ မနက္ပိုင္းက တပ္မေတာ္ နည္းပညာတကၠသိုလ္ (DSTA)၊ တပ္ဌာနခ်ဳပ္ အပါအဝင္ ဂုတ္တြင္း လုံၿခံဳေရးစခန္း၊ တုိးဂိတ္နဲ႔ ေနာင္ခ်ဳိ မူးယစ္ရဲကင္းတုိ႔ကုိ ေျမာက္ပုိင္း မဟာမိတ္အဖြဲ႔တုိ႔က ပစ္ခတ္တုိက္ခုိက္ခဲ့တာ ျဖစ္ပါတယ္။

အခုလို ျပည္ေထာင္စု လမ္းမႀကီးေပၚမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ လုပ္ေဆာင္လာတဲ့အတြက္ ျပည္ေထာင္စု အစိုးရက ေျမာက္ပိုင္း မဟာမိတ္အမည္ခံတဲ့ အဖြဲ႔ေတြကုိ ေသာင္းက်န္းသူအဖြဲ႔လို႔ သတ္မွတ္ၿပီး နုိင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒ စုိးမုိးေရး၊ ျပည္သူလူထု အက်ဳိးစီးပြားအတြက္ လိုအပ္တဲ့ အမိန္႔ညႊန္ၾကားခ်က္ေတြ ထုတ္ေပးဖုိ႔ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္ ။

DSTA နဲ့ ဌာနချုပ် အပါအဝင် ဂိတ်စခန်းတွေ တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း USDP အဆိုတင်


ပြင်ဦးလွင်မြို့နယ်အတွင်းမှာ သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) အပါအဝင် နေရာ ၅ နေရာ ပစ်ခတ် တိုက်ခိုက်ခံရတဲ့အတွက် အကြမ်းဖက် တိုက်ခိုက်ခဲ့သူတွေကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေအတွက် ကြေကွဲဝမ်းနည်းကြောင်း အဆိုတစ်ရပ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က တင်သွင်းခဲ့ပါတယ်။


ဒီကနေ့ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျိုင်းတုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်က အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။


ပြင်ဦးလွင်မြို့နယ်အတွင်းမှာ သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက တပ်မတော် နည်းပညာတက္ကသိုလ် (DSTA)၊ တပ်ဌာနချုပ် အပါအဝင် ဂုတ်တွင်း လုံခြုံရေးစခန်း၊ တိုးဂိတ်နဲ့ နောင်ချို မူးယစ်ရဲကင်းတို့ကို မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရတာပါ။


အခုလို ပြည်ထောင်စု လမ်းမကြီးပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် ပြည်ထောင်စု အစိုးရက မြောက်ပိုင်း မဟာမိတ်အမည်ခံတဲ့ အဖွဲ့တွေကို သောင်းကျန်းသူအဖွဲ့လို့ သတ်မှတ်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူလူထု အကျိုးစီးပွားအတွက် လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပေးဖို့ ထည့်သွင်း ပြောကြားခဲ့ပါတယ် ။