ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေအိမ် ဖောက်ထွင်း ခံရပြီး ယောက္ခမဖြစ်သူ ဓားထိုးခံရ

0
337

စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးရဲ့ ယောက္ခမ ဒေါ်ခင်သန်းနွဲ့ဟာ အိမ်တွင်းကို ဖောက်ထွင်းဝင်ရောက်လာသူရဲ့ တိုက်ခိုက်မူကြောင့် ဆေးကုသမူခံနေရပါတယ်။

အဲဒီ အကြောင်းကို MCN သတင်းထောက်အောင်ကျော်မိုး သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ မနက် ၂ နာရီခန့်က စမ်းချောင်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးရဲ့နအိမ်မှာ ဖောက်ထွင်းခံရမူတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ နေအိမ်သံဇကာကနေတစ်ဆင့် အိမ်တွင်းကို ဖောက်ထွင်းဝင်ရောက်လာသူကို အိမ်ရှင်ဖြစ်သူ ဒေါ်ခင်သန်းနွဲ့က သိရှိသွားတဲ့အတွက် အော်ဟစ်အကူအညီတောင်းခံတာကို ဖောက်ထွင်းဝင်ရောက်လာသူက ဓါးနဲ့ တိုက်ခိုက်ခဲ့တဲ့ အတွက် ကျော်ကုန်းမှာ ပျက်ရှထိုးသွင်း ဒဏ်ရာသုံးချက် ရရှိခဲ့ပါတယ်။
တိုက်ခိုက်ခံရသူဒေါ်ခင်သန်းနွဲ့ဟာ အခုအချိန်မှာတော့ ရန်ကုန်ပြည်သူဆေးရုံကြီးမှာ ဆေးကုသမူခံယူနေရပါတယ်။

အခုလိုမျိုး ဖောက်ထွင်းအကြမ်းဖက်ခံမူနဲ့ ပတ်သက်ပြီး ဒေါ်ခင်သန်းနွဲ့ရဲ့သမက်ဖြစ်သူ စမ်းချောင်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက အမှုဖြစ်စဉ်ကို အခုလိုပြောပြပါတယ်။

စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက် အမှတ်(၈)အောင်ချမ်းသာ (၆) မှာနေထိုင်သူ ဒေါ်ခင်သန်းနွဲ့ တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို စမ်ျးချောင်းမြို့မရဲစခန်းမှာ ပုဒ်မ ၄၅၉ နဲ့ အမူဖွင့်တိုင်တန်းထားတယ်လို့ သိရပါတယ်။
အဲ့ဒီအမှုဖြစ်စဉ်ကို ကိုင်တွယ်တဲ့ စမ်းချောင်းမြို့မရဲ့စခန်းက ဒုရဲမှူးသိန်းဝင်းကို MCN သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ တရားခံကိုစုံစမ်းဆဲဖြစ်ပြီး မည်သူမည်ဝါ မဖော်ထုတ်နိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)