အတင်းအဓမ္မခိုင်းစေမှုတွေ လူကုန်ကူးမှုတွေရှိနေသေးတယ်ဆိုရင် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့ခံရမှုတွေဖြစ်လာနိုင်

0
353

အတင်းအဓမ္မခိုင်းစေမှုတွေ လူကုန်ကူးမှုတွေရှိနေသေးတယ်ဆိုရင် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့ခံ ရမှု တွေဖြစ်လာနိုင်

တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကပြောဆို လိုက်ပါတယ်။ဒီ သတင်းကိုတော့ MCN သတင်းထောက်ကေသွယ်ကပေးပို့ထားပါတယ်။

ပြည်တွင်း ရေလုပ်ငန်းတွေမှာ အတင်းအဓမ္မခိုင်းစေမှုတွေ နဲ့ လူကုန်ကူးမှုတွေရှိနေသေးတယ်ဆိုရင် အဲဒီလုပ်ငန်းတွေ ပေါ်မှာ မူတည်ပြီး ကျန်တဲ့လုပ်ငန်းတွေမှာပါ စီးပွားရေးပိတ်ဆို့ခံရမှု တွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင် ကပြောဆိုလိုက်ပါတယ် ။

ရန်ကုန်မြို့ အလုံလမ်းမကြီးပေါ်ရှိ Summit Parkview Hotel တွင် ပြုလုပ်တဲ့ ပြည်တွင်းငါးဖမ်းရေလုပ်ငန်းမှာ လူကုန်ကူးခံရတဲ့အလုပ်သမား(၁၁)ဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့နှစ်တွေက ယိုးဒယားနိင်ငံမဟာချိုင်မှာ ရေထွက်ကုန်ပစ္စည်းလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့အခါမှာ လူကုန်ကူးမှုတွေရှိလာတာကြောင့် အမေရိကန်နိုင်ငံအပါအ၀င် ဥရောပနိုင်ငံကပါ စီးပွားရေးပိတ်ဆို့မှုတွေရှိခဲ့ တဲ့အတွက်လက်ရှိမြန်မာနိုင်ငံအနေနဲ့လည်း အဲဒီလိုစီးပွားရေးပိတ်ဆို့မှုတွေမဖြစ်အောင်လူကုန်ကူးမှု တားဆီးရေးကိစ္စ ရပ်တွေအမြန်ဆုံး ပပျောက်အောင် လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ် ။

လူကုန်ကူးခံရတဲ့ ပြည်တွင်းငါးဖမ်းရေလုပ်သားတွေဟာ ရေးမြို့နယ် ပြည်တွင်းငါးဖမ်း ရေလုပ်ငန်းမှာ ရောင်းစား ခံခဲ့ရပြီး ငါးဖမ်းလှေပေါ်တွင်လုပ်ခလစာမရတဲ့အပြင် ၃လကြာအလုပ်လုပ်ကိုင်ခဲ့ရတာလည်းဖြစ်ပါတယ် လို့ လူကုန်ကူးခံရသူတွေကပြောပါတယ်။ဒါ့အပြင် အဲဒီရေလုပ်သားတွေဟာ ညှင်းပန်းနှိပ်စက်ခံရတာတွေ ၊သတ်ဖြတ်ခံရတာတွေ ရှိခဲ့တာကြောင့် အစိုးရအနေနဲ့အလားတူပြသာနာတွေမဖြစ်အောင် ပြည်တွင်းအလုပ်အကိုင်တွေဖန်တီးပေးပို့လိုအပ်တယ်လို့လည်းပြောပါတယ်။

အခုလက်ရှိလူကုန်ကူးခံရတဲ့ ရေလုပ်သား (၁၁)ဦးကတရားလိုပြုလုပ်ပြီးလူကုန်ကူးခဲ့တဲ့ တရားခံ (၆)ဦးကို တရားစွဲဆိုထားပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)